နွယ်ပင်February 9, 20111min16611
လူတိုင်းကတော့ ကိုယ့်ကိုယ်စတိုင်ကျဖို့ လှဖို့အတွက် အလှပြင်ကြ အဝတ်အစားကို ဂရုတစိုက်ဝတ်ဆင်တက်ကြတာပါပဲ ။ မလှချင်တဲ့ သူတောင် အပြင်သွားတဲ့ အခါ အမြင်တင့်ဖို့အတွက် သပ်သပ်ရပ်ရပ်လေးတော့ ဝတ်စားတက်ကြပါတယ် ။ ဒါပေမဲ့ တစ်ခါတစ်လေ ကိုယ်ပြင်လိုက်တဲ့ အဝတ်အစားအပြင်အဆင်ဒီဇိုင်းက ပတ်0န်းကျင်နဲ့ သိပ်မကိုက်ညီတဲ့အခါ ဘေးကကြည့်မိတဲ့ သူတွေကတော့ အတော်ရီချင်မှာပဲ အခုကလဲ ဒီပို့စ်ကိုရေးရတာက မျက်စိရှေ့မှာ မြင်နေရတာလေးတွေကို (အရူးထနေကြတာလေးတွေကို) ပြောချင်လွန်းအားကြီးလို့ပါ ။ ဖြစ်ပုံက ဒီလို ….. ဟိုတစ်နေ့က နွယ်ပင်နဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဗိုလ်ချုပ်ဈေးကိုသွားပါရော ကိုယ်တွေက အသက်လဲ နည်းနည်းရ ပိုက်ဆံက နှမြောဆိုတော့ လိုင်းကားပဲတိုးစီးကြတာပေါ့ ဘယ် taxi ငှားမလဲ ကိုယ်အဝတ်အစားဝယ်မယ့် ပိုက်ဆံလေးထိသွားမှာဆိုးလို့ သွားတဲ့အချိန်ကလဲ တကယ့်အချိန်ကောင်း နေ့လည်1း00 ဆိုတော့ နေကလဲ ပူလိုက်တာအရမ်းပဲ […]