black chawJuly 14, 20121min22120
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က ဆရာလေး အင်ဇာဂီက ငါတို့ဂီတ ဆိုတဲ့ ပို့စ်လေးတင်ခဲ့ပါတယ်။ အခုပို့စ်က အဲဒီ ပို့စ်ကို အားဖြည့်ပေးတဲ့ သဘောပါဗျာ။ ဇူလိုင် လ ၂၄ ရက်နေ့မှာ အသစ်ပြန်လည်ဖွဲ့စည်းမယ့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှာ ခေတ်သစ်ဂီတအလွှာ ထည့်သွင်းဖွဲ့စည်းပေးဖို့ လူငယ်ဂီတသမားတွေက ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။ အဲဒါကို လက်ရှိမြန်မာနိုင်ငံဂီတအစည်းအရုံးဗဟိုကော်မတီက ပယ်ချထားခဲ့ပါတယ်။ မြန်မာနိုင်ငံ ဂီတအစည်းအရုံးသစ်ကို ပြန်လည်ဖွဲ့စည်းရာတွင် အမှုဆောင်အဖွဲ့ဝင် ၅ဝ ဦး နှင့်ဖွဲ့စည်းသွားမည်ဖြစ်ပြီး မဟာဂီတ အလွှာအတွက် အဆိုနှင့်အတီး ၁ဝ ဦး၊ ကာလပေါ် အလွှာအတွက် ရေးဆိုတီး ၁၅ ဦး၊ စတီရီယို အလွှာအတွက်ရေး ဆိုတီး ၁၅ ဦး၊ ထုတ်လုပ်ဖြန့်ချိအလွှာအတွက် ငါးဦး၊ စက်မှုအလွှာ အတွက် ငါးဦးတို့ကို […]