fattyJune 16, 20111min13012
ကဲ ဒီပိုစ်တင်တာ ၅ ခါရှိသွားပြီ …….. ဓါတ်ပုံမှာတစ်နေတာ ..။ တလောကပါ မင်္ဂလာပွဲ တခုရောက်သွားလို့ အဲဒီပွဲမျိုး မရောက်တာ နှစ်နဲ့ချီနေပြီ ထု့းစံအတိုင်း ပွဲမထွက်ခင် ထိုင်နေတုန်း စားပွဲနားကို ရေနွေးငွေ့ ထောင်းထောင်းထနေတဲ့ပုံးကြီးလာချတယ်။ တခါမှမတွေ့ဘူးဘူးလေ။ နောက်ပြီး အထုတ်တစ်ထုတ်လာချတယ်။ ကျနော်နဲနဲတော့လန့်ပြီ။ လူကြီးတွေလဲတက်တာကိုး … မတော်ဗုံး များဖြစ်နေရင်ဘယ်လိုလုပ်မလဲ။ ကျနော်ခေါ်မေးရတယ်။ အဲဒါမီးခိုးလွှတ်ဖို့ပါတဲ့။ ဟိုတုန်းကတော့ stage show တွေမှာဘဲ လွှတ်တာလေ။ ဓာတ်ပုံကြိုးစားပြိးတင်ကြည့်မယ် ၅ ခါရှိပြီနော် ….။ ကျနော် ဒီရောက်တုန်း ဟိုတယ်ထဲက ပန်းချီကားတွေ .. အလှအပတွေတင်မလို့ပါ ဒါပေမဲ့သိပ်ခက်တယ် နောက်မှ တင်ပါအုံးမယ်။