cobraJanuary 28, 20111min17912
သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ မင်္ဂလာဆောင် ညစာစားပွဲ တက်သည့်ပုံများ ဖော်ပြခဲ့သည့် အတွက် ပြည်တွင်းဂျာနယ် ၂ စောင်ကို စာပေစိစစ်ရေးမှ ထုတ်ဝေခွင့် ခေတ္တရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။ မင်္ဂလာဆောင် ညစာစားပွဲသို့ တက်ရောက် လာသည့် မင်းသမီးများ မလုံခြုံသည့် အဝတ်အစားများ ဝတ်ထားသည့် ဓာတ်ပုံများကို ဖော်ပြခဲ့သော မော်နီတာ ဂျာနယ်မှာ ထုတ်ဝေခွင့် ၂ ပတ် အပိတ်ခံရပြီး ဟယ်လို ဂျာနယ်မှာ ၁ ပတ် ပိတ်ခံခဲ့ရသည်။ “ကျနော်တို့ ဂျာနယ် ၂ ပတ်ပိတ်ခံရတာ ဟုတ်ပါတယ်။ မင်းသမီးတွေရဲ့ မလုံမခြုံ ဝတ်ထားတဲ့ ပုံတွေကို ဂျာနယ်မှာ ဖော်ပြခဲ့လို့ ပိတ်တယ်လို့ သိရပါတယ်” ဟု မော်နီတာ ဂျာနယ်မှ အယ်ဒီတာ တဦးက […]