moonpoemJune 26, 20141min33516
ကျောင်းဖွင့်ချိန်စိန်ပန်းတွေလည်း ်မြေမှာကြဲပြန့်နေ…။ အဲဒီသီချင်းမဆိုနဲ့တော့ သားရေ စိန်ပန်းကကြွေစရာမရှိတော့ဘူး။ စည်ပင်ကအပင်တွေခုတ်ပစ် လိုက်ပြီတဲ့ကွ။ ဟုတ်ကဲ့ဆရာ သား သီချင်းပြောင်းဆိုလိုက် မယ်နော်။ ကျောင်းဖွင့်ချိန်စိန်ပန်းအပင် လည်းစည်ပင်ခုတ်လို့်သေ…။ အေးဒီလိုမှပေါ့ကွယ်။ကဲနောက် ်တစ်ယောက် အလှည့်။ တစ်မိနစ်နောက်ကျသွားပြီ ရထားကြီးထွက်လို့သွားပြီ။ တစ်မိနစ်မြန်ထားတဲ့ကိုယ့်နာရီ ီလည်းတကယ်တမ်းသုံးလို့ မရဘူးကွယ်။ အဲဒီသီချင်းမဆိုနဲ့သားရယ်။ တို့ဆီကရထားကတစ်နာရီ နောက်ကျပြီးသွားတောင် ထွက်သေးတာ မဟုတ်တော့ဘယ်လိုဖြစ်ဖြစ်မီတယ်။ ဟုတ်ကဲ့ဆရာ သားသိပါပြီ်။ တစ်ရက်လောက်နောက်ကျသွားပြီ ရထားကြီးထွက်လို့သွားပြီ။ ဓာတ်ခဲရပ်သွားတဲ့ကိုယ့်နာရီ ီလည်းတကယ်တမ်းသုံးလို့ မရဘူးကွယ်။ အေးဒီလိုမှပေါ့ကွယ်။ကဲ နောက်တစ်ယောက် အလှည့်။ ်အနိုင်ဂိုးကိုသွင်းသွားတာကိုကိုပါ။အိမ်ရောက်ရင် ပန်းကုံးစွပ်ကာ ကြိုရမှာ။ သမီးရေ ဒီသီချင်းကလည်းလေ..။ ဟုတ်ကဲ့ဆရာ သမီး သဘောပေါက်ပါတယ်။ ်အနိုင်မရရင်ခဲနဲ့ထုတာကိုကိုပါ ဒိုင်တားရင်ဆွဲလို့ထိုးကာအပီ ကြွေးတာ ။ သမီးလေးတော်တယ်ကွယ် ကဲနောက်တစ်ယောက်လာပါဦး။ ဟဲလိုဒါလင် မတွေ့ရတာကြာပြီ နော်။အရင်လိုကြည့်ကောင်းနေ တုန်းပဲအချစ်ရယ်ဆုံတွေ့ရတာတို ့ဝမ်းသာ။ […]