Shwe EiAugust 22, 20111min807
၂၀၀၉ခုနှစ် အစောပိုင်း (နာဂစ်မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးကာလများ) ဒီတခါတော့ သင်တန်းဆရာမဘဝကနေ တဆင့်တက်ပြီး Project တာဝန်ခံဘဝရောက်သွားပါပြီ။ အလှူရှင်က ASEAN Humanitarian Task Force ကပါ။ ဘိုကလေးပတ်ဝန်းကျင်ကဘဲ အစ်စလမ် ဘာသာဝင်တွေများတဲ့ ရွာနဲ့ အနီးပတ်ဝန်းကျင်ရွာလေးရွာ ပေါင်း ၅ရွာအတွက် ထောက်ပံ့ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ ရွေးလိုက်ပါတယ်။ သင်တန်းပေးရတဲ့ဘဝကတော့ မလွတ်သေးပါဘူး။ ထောက်ပံ့ရေးနဲ့ အတူသင်တန်းပေးရေးဘဝက နောက်ဆက်တွဲ နည်းနည်းပါနေပါသေးတယ်။ Field ထဲကိုကျွန်မရောက်သွားတဲ့ အချိန်က အတော်လေး အထိုင်ကျနေပြီဖြစ်တဲ့ သုံးပင်၂ခန်း (ချောင်းစပ်တွင်ဆောက်ထားသော)ရုံးနဲ့ ကမ်းရိုးတန်းအထိုင်ဖုံး (ဖုန်းခွက်မရှိသောကြောင့် Speaker မှအော်ပြောရသည်။)၊ ပြီးတော့ လက်ဆွဲမီးစက်တလုံးစတဲ့ Facility တွေကိုအားတက်ဖွယ်တွေ့ရပါတယ်။ ASEAN Volunteer (ထိုင်းမတယောက်၊ မလေးရှားမတယောက်၊ ကန်ဘောဒီးယား သားတယောက်) တွေကို လည်းရွာသားများနဲ့ အတော်ရင်းနှီးနေပြီဖြစ်တာတွေ့ရလို့ […]