Yin Nyine NwayAugust 14, 20111min26522
လိုအပ်သောပစ္စည်း ဆန်ပြားခေါက်ဆွဲ ပဲငပိ မုန်လာထုပ် ခရမ်းချဉ်သီး သကြားရည် နံနံပင် နှမ်းထောင်း ငရုတ်သီးမှုန့်အကြမ်းကြော် ပဲငပိကို အရေဖျော်ထားမယ် …ပျစ်ပျစ်လေး၊ ခရမ်းချဉ်သီး တလုံးကို ဘာမှမပါပဲ ရေနဲ့ ရောကြို အဖတ်ကြေအောင်လုပ်ပြီး…အခွံတွေကို ဖယ်ထုတ်လိုက်ပါ၊ မုန်လာထုပ်ကို ပါးပါးလေး လှီးထားမယ်….သကြားကို အရည်ဖျော်ထား…နှမ်းကိုထောင်းထား…. အရင်ဆုံး …. ဆန်ပြားခေါက်ဆွဲထဲကို ….ပဲငပိ အရေဖျော်ပြီးထည့်… မုန်လာထုပ် ပါးပါးလှီးပြီးထည့် …..ခရမ်းချဉ်သီးကို ရေနဲ့ အရေကြိုပြီး အခွံမပါအောင် စစ်ပြီးထည့် သကြားရည်ထည့်ပြီး အပေါ်က ၊နှမ်းထောင်း နံနံပင်ဖြူးပြီး စားရင် …. အရသာရှိလှတဲ့ ချဉ်ငန်းစပ်ခေါက်ဆွဲလေးကို ရမှာပါ…