ခေါင်းဆောင် ခေါင်းဆောင်သည် မူဝါဒ၊ လူ၊ ပစ္စည်းဥစ္စာ နှင့် လူထုလေးစားမှုတို့ အတွက်သာ လုပ်ရုံမှ တစ်ပါး အခြားလုပ်စရာမရှိ။ ခေါင်းဆောင်သည် အရာရာကို လိုက်လုပ်ပြီး သူများထက် အပင်ပန်း ခံရန် မဟုတ်ပေ။ အခြားသူများ လုပ်စရာမရှိ အောင် လိုက်လုပ်သော ခေါင်းဆောင်သည် ခေါင်းဆောင်ကောင်း မဟုတ်။ ခေါင်းဆောင်အမျိုးအစား (၁) ဉာဏ်ပညာ ရှိပြီး ပျင်းသော ခေါင်းဆောင် (၂) ဉာဏ်ပညာလည်း မရှိ ပျင်းလည်း ပျင်းသော ခေါင်းဆောင် (၃) ဉာဏ်ပညာ ရှိပြီး လုံ့လရှိသော ခေါင်းဆောင် (၄) ဉာဏ်ပညာ ရှိသော်လည်း လုံ့လ ရှိသော ခေါင်းဆောင် ခေါင်းဆောင် တစ်ယောက်သည် ပေးကမ်း ရက်ရောတတ်မှု၊ မခွဲခြား တတ်မှု၊ စွန့်လွှတ်လုပ် […]


    တခါတုန်းက ရွာကြီးတရွာမှာပေါ့..။ ရွာဦးဘုန်းတော်ကြီးက အဲသည်ရွာမှာ အလွန်ဩဇာကြီးသတဲ့ ။ သူ့ကျောင်းမှာ ကိုရင်ငယ်တွေ ဘုန်းကြီးကျောင်းသား ငယ်တွေအပြင် အသက်နှစ်ဆယ်ကျော်ပေမယ့် ပစ္စည်းလေးပါးဒကာမရှိလို့ အခုထိရဟန်းမခံရသေးတဲ့ ကိုရင်ကြီးတယောက်(ပါး)လဲရှိသတဲ့။ တနေ့တော့ အဲဒီရွာရဲ့သူကြီးမိသားစုက အဲဒီကျောင်းမှာ အလှူကြီးလာလုပ်တယ်။ တောအလှူဆိုတာ မြို့မှာလို ရေစက်ချခါနီးမှ ကျော့ကျော့လေး ကျောင်းပေါ်တက်ပြီး လက်ဖျားလေးနဲ့ လှူတာမျိုးမဟုတ်ဘူး။ အလှူမတိုင်ခင် ရက်နဲနဲအလို လောက်ကတည်းက ကျောင်းထဲဝင်လိုက်ထွက်လိုက် ကျောင်းပေါ် တက်လိုက်ဆင်းလိုက်နဲ့ တမိသားစုလုံး အလှူဇောကပ်ပြီး ပြင်လို့ဆင်လို့ကိုမပြီးနိုင်တာ့တာ။ ကိုရင်ကြီးလဲ အခုမှပဲ သူကြီးဆိုတာကြီးကို ကောင်းကောင်းမြင်ဘူးသိဘူးတော့တာ။ တော်တော်လဲ သဘောကျသွားတယ်။ အလှူပြီးလို့ ပတ်စာခွာ ဖျာသိမ်းပြီးကတဲက အခွင့်ကြုံတိုင်း ကိုရင်ကြီးက ဘုန်းကြီးကို အမြဲလျှောက်တယ်။ သူကြီးဆိုတာ ဘာတွေလုပ်ရတာလဲ …. သူကြီးဖြစ်အောင် ဘာတွေလုပ်ရမလဲ…. စသည်စသည်ဖြင့်ပေါ့လေ။ […]