– – – – – ==================================== ခွေးတွေ ချွေးထွက်ကြတယ် ခွေးတွေ ဟောဟဲ ဟောဟဲ ဖြစ်နေတာကို ခင်ဗျားတို့လည်း ကြားဖူးကြမှာပါ။ ဒါပေမယ့် ချွေးထွက်တာကို တွေ့ဖူးကြပါသလား။ နိုးစ် … မတွေ့ဖူးဘူး။ ဘတ်ထ် … ခွေးတွေ ချွေးထွက်ကြတယ် ခင်ဗျ။ ဟုတ်ပါတယ်။ ခွေးသုတေသန ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ အနန္တစကြဝဠာ မဟာရာဇာ အံစာတုံးက ပြောပါတယ်။ ခွေးတွေရဲ့ ခြေလေးချောင်းကြားထဲမှာဆိုရင် ချွေးထုတ်တဲ့ အကြိတ်လေးတွေ ရှိနေပါသတဲ့။ အဲ့ဒီနေရာတွေက ချွေးထွက်တယ်ပေါ့ဗျာ။ မယုံ ပေါင်လှန်ကြည့်။ ခွေးထီးတွေက ခြေထောင်ပြီး သေးပန်းတယ် ခွေးထီးတွေဟာဆိုရင် သစ်ပင်တွေ တိုင်တွေကို သေးပန်းတဲ့အခါမျိုးမှာ သူတို့ရဲ့ ခြေထောက်ကို ထောင်ပြီးတော့ သေးပန်းတတ်ကြပါသတဲ့။ ဒီလိုမျိုး […]