မန္တလေးဂေဇက် ဝိုင်းတော်သားတွေ သီတဂူ သုမေဓာဆေးရုံ စုပေါင်းအလှူနဲ့ ပတ်သက်ပြီး ဘာတွေရေးရရင် ဘာတွေပွားရရင်ကောင်းမလဲလို့ စဉ်းစားနေတာကြာဘီ။ ဓာတ်ပုံတွေ ရိုက်လားပြီး တင်မလား..၊ ကိုယ့်ထက် ဆရာ့ ဆရာ ရွာထဲက ဓာတ်ပုံဆရာတွေ အစွမ်းပြ ကြမှာဆိုတော့ မဖြစ်သေးဘူး။ ခရီးသွားဆောင်းပါးလိုလေး ရေးပြီးတင်ရင် ကောင်းမလား၊ ကိုယ့်ထက် အရေးအသား ညက်တဲ့ မဆူးတို့ကိုယ်တိုင် ခေါင်းဆောင် ပါဝင်တာ ဆိုတော့ သူတို့တင်တာတွေ ဖတ်ရတာ ပိုကောင်းမှာပါလေ…နဲ့ပေါ့။ ဒါနဲ့ အရင် နာရေးကူညီမှုအသင်းကို လှူတုန်းက တလွဲဖြစ်တာလေးတွေ ရေးပြီး ရွာထဲမှာ ပို့စ် စတင်ဖြစ်တာကို အမှတ်ရတာနဲ့ ရေးစရာက ရသွားတယ်။ အလှူခရီး မထွက်ခင် ခုကတည်းက လွဲနေတာကိုး။ နီကိုရဲကတော့ ကြည်ပြာရောင် နဂ္ဂတစ်များ ဆိုပြီး အလွဲတွေကို စာဖွဲ့လိုက်တာ […]