ေမွာ္ဆရာMay 23, 20121min49371
[polldaddy poll=6252839] အင်တာနက်ခေတ်ကြီးထဲမှာ မီဒီယာတွေတွင်ကျယ်လာတာတော့ အားလုံးအသိပါ … ။ ပုံနှိပ်ထုတ်ဝေဖို့ ဖြန်ချီဖို့ မလွယ်ပေမယ့် အင်တာနက်မှာ တက်ရောက်ရေးသား ဖြန်ချီဖို့က လွယ်ကူမြန်ဆန်နေတယ်..။အင်တာနက် သုံးတဲ့သူတွေကို နှစ်မျိုးနှစ်စားခွဲလို့ရပါတယ်..။ ပထမတစ်ခုက ရေးသားသူ ၊ နောက်တစ်ခုက ဖတ်ရှုသူ..(ချက်တင်ကြီးပဲ ထိုင်ချက်နေသူတွေတော့ သီးခြားထားပေါ့နော…)။ ပြေလည်နေရင်တော့ ဘာမှ ကိစ္စမရှိပါဘူး..။ ကျွန်တော်က အင်တာနက်ဆိုင်လေး ဖွင့်ထားတော့ အင်တာနက်သုံးစွဲသူ အများစုနဲ့ ထိတွေ့ဆက်ဆံနေရပါတယ်…။အဲဒီမှာ တစ်ခုတွေ့နေရတာက အင်တာနက်မှာ ရေးထားတယ်ဆိုလို့ရှိရင် မျက်စိမှိတ်ယုံတတ်သူ များပြားနေတယ်ဆိုတဲ့ အချက်ပါပဲ …။အပြင်လောက ထိတွေ့ဆက်ဆံရာမှာတောင် သူတစ်ပါးပြောတာကို ချင့်ချိန်ယုံရပါတယ်…။ဘယ်သူမှန်း ဘယ်ဝါမှန်း မသိတဲ့သူတစ်ယောက် အင်တာနက်ပေါ်မှာ ကိုယ်လိုရာဆွဲပြီးရေးသားထားတဲ့ အပြုအမူမျိုးကိုတော့ ရေးတိုင်းယုံသင့်မယုံသင့် စဉ်းစားစေချင်တယ် …။ ဒီတော့ ဒီဂေဇက်ဝက်ဆိုက်ကြီးကို လွှတ်တော် အစည်းအဝေးခန်းမကြီးလို့ သဘောထားလိုက်ပါ…။ဂေဇက်မန်ဘာများအနေဖြင့်လဲ […]