မန်းဂေဇက်မှာ ပထမဆုံးတင်တဲ့ ပို့စ်ကို ကုသိုလ်ရေးလေးနဲ့ စတင်ဖြစ်တာ နှစ်ထပ်ကွမ်းပီတိဖြစ်ရပါတယ်ဗျာ.. မ etone ရဲ့ စုပေါင်းအလှူပို့စ်ကိုဖတ်ပီး ကိုယ်တတ်နိုင်သလောက်လေး လက်မနှေးရလေအောင် ကုသိုလ်ပါဝင်ချင်တာပေါ့။ ပို့စ်ထဲမှာ ရန်ကုန်၊ မန်းလေးက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊နာမည်တွေတော့ ပါပါရဲ့ ကိုယ်က နေပြည်တော်က ဖြစ်နေတယ်။ ဘဏ်ကပဲလွှဲတာပေါ့ဆိုတော့ တယောက်ယောက်မှတ်ပုံတင်သိမှ။ အင်း လှမ်းမေးရင်ကောင်းမလားနဲ့ သူကြီးတင်ထားတဲ့ လင့်က်ထဲမှာရှာဖတ်၊ မြန်မာ အရှေ့တိုင်းဘဏ်မှာ အကောင့်ဖွင့်ထားတယ်ဆိုတော့ အိုကေ စာရွက်လေးနဲ့ မှတ်ထားလိုက်တယ်။ ဒီဘဏ် နေပြည်တော်မှာရှိလား လိုက်မေးတော့ ရှိဘူးတဲ့ ခက်ပီ။ ရန်ကုန်က သူငယ်ချင်းတယောက်ပဲ အကူအညီတောင်းပီး သွားထည့်ခိုင်းရမလား..၊ ဘာလို့ ကမ္ဘောဇတို့ ရိုးမတို့လို မြို့တိုင်းနီးပါး ဘဏ်ခွဲရှိတဲ့ ဆီမှာ အကောင့်မဖွင့်တာပါလိမ့်ပေါ့..။ ဒါနဲ့ နေပြည်တော်လမ်းညွှန်လေး ပြေး လှန်ကြည်တော့ တော်မှတော်ပေသေး.. […]