အချို့ပုဂ္ဂိုလ်က အစအနောက်သန်၏။ ထိုအစအနောက် သန်သော ပုဂ္ဂိုလ်တို့တွင် အချို့က အခြေအနေ အချိန်အခါကို သိကာ စနောက်၏။ အချို့ကလည်း မိမိစနောက်လိုခြင်း တစ်မျိုးကိုသာကြည့်၍ စနောက်၏။ ထိုပုဂ္ဂိုလ်မျိုးကြောင့် အစအနောက်ခံရသော ပုဂ္ဂိုလ်တို့ စိတ်အခန့်မသင့်ချိန်နှင့် တွေ့သောအခါ အချင်းများရ၏။ အချင်းဖြစ်ပွားပြီးနောက် “ငါက ချစ်လို့ ခင်လို့ ကျီစယ်တာကို သူက အတည်ယူပြီး ရန်ပြန်လုပ်တယ်” ဟု စနောက်သူက အကာအကွယ်ယူတတ်၏။ ထိုအခါ အစခံရသူမှာ ပိုနာသွား၏။ နဂိုရ်ကမှ စိတ်မကြည်ချိန် အစနောက် ခံရတာ တမျိုး မိမိက ပြန်စိတ်တိုလိုက်သောကြောင့် ရန်လုပ်သည်က တမျိုး အမျိုးမျိုး ပေါင်းလိုက်သောအခါ ဒေါသက အတိုင်းအဆ မရှိတော့။ ထိုသူများမှာ တစ်သက်တာ ရန်သူတို့ ဖြစ်သွားတတ်ကြသည်။ ထို့ကြောင့် မိမိက နောက်ပြောင် […]


မြန်မာသူငယ်ချင်းများနေ့ ဝက်ဆိုက်၏ မန္တလေးမြို့၊ အောင်တော်မူဘုရားတွင် စနေနေ့ ညနေတိုင်း ဝေယျာဝစ္စပြုလုပ်သော အဖွဲ့မှ ယခုနှစ်တွင် ဝါဆိုသင်္ကန်း ကပ်လှူဖြစ်ပါသည်။ ဝါဆိုသင်္ကန်းကပ်ရန် တိုင်ပင်မိကြချိန်မှာ တစ်ပတ်သာ အချိန်ရသဖြင့် ဝက်ဆိုက်သို့ ကြော်ငြာ အသိပေးခြင်းမျိုး မလုပ်နိုင်တော့ဘဲ သိမီသူများသာ လှူဒါန်းလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်ရသည်။ တံမျက်စည်းလှည်းရင်း ကြမ်းတိုက်ရင်း ဝက်ဆိုက်ထဲမှ ဘယ်သူရေးတဲ့စာက ဘယ်လို၊ ဘယ်သူက fb မှာ ဘယ်လိုအော်တာ စသဖြင့် ပြောရင်း ဆိုရင်း ဝါဆိုသင်္ကန်းကပ်သည့်အကြောင်းကို ရောက်သွားခဲ့သည်။ တံမျက်စည်းလှည်းပြီးနောက် အောင်တော်မူ ဘုရားဂေါပကများထံသွား၍ ဆွေးနွေးကြည့်ရာ “အကယ်၍ ဝါဆိုသင်္ကန်းကပ်မည် ဆိုလျှင် ဝမ်းသာစွာ ကြိုဆိုပါကြောင်း၊ ထို့အတူ ဤဝါဆိုသင်္ကန်း ကပ်ခြင်းသည် အောင်တော်မူဘုရား၏ ပထမဆုံးအကြိမ် ဝါဆိုသင်္ကန်းကပ်ခြင်း ဖြစ်မည်ဖြစ်ကြောင်း” ကို ပြောပြကာ သဘောတူခဲ့သဖြင့် […]


မနှစ်တုန်းဆီက ကျွန်တော် နယ်ဘက်တွေ လျှောက်သွားတော့ ဆီဆိုင်မြို့နယ်၊ ဖာလိုင်ရွာဘက်ကို ရောက်ဖြစ်ခဲ့ပါတယ်။ ရွာနာမည်အမှန်က “ဖာလဲုင်” ပါ။ မြန်မာလိုရေးတော့ “ဖာလိုင်” ဖြစ်သွားတယ်။ အဓိပ္ပါယ်က “တောင်စောင်း” ရွာလို့ အဓိပ္ပါယ်ရပါတယ်။ ရွာနဲ့ နာမည်နဲ့ လိုက်ဖက်ပါတယ်။ တကယ့်တောင်စောင်းမှာ တည်ရှိပါတယ်။ အောက်ကို ကြည့်ရင် တောင်ခြေက မှောင်နေပါသေးတယ်။ အထက်ကိုလှမ်းကြည့်ရင်လည်း တမျှော်တခေါ်ကြီးကို ရှိပါသေးတယ်။ ရွာက တောင်စောင်းလေးမှာ ရှိနေတာ။ အဲဒီရွာမှာ ထူးဆန်းတာ တစ်ခု တွေ့ခဲ့တယ်။ ရှမ်းပြည်မြေပြန့်ပိုင်းက အခေါ် “နဂါးတွင်း” လို့ခေါ်တဲ့ “တွင်းနက်” ကြီးတွေ အများကြီးရှိနေတာပါပဲ။ အဝအကျယ် “၁၀” ပေလောက်ရှိပြီး တွင်းက ကျောက်စွန်းကျောက်စတွေ ငေါငေါနဲ့ အနက် ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သူမှ မသိရတဲ့ တွင်းတွေဖြစ်ပါတယ်။ အလွန်ကြီးတဲ့ […]