ဧရာဝတီသတင်းဌာနက ဖော်ပြပြီးနောက်ပိုင် သတင်းကြီးလာတဲ့နေရာလေး။ မထိတွေ့ရသေးတဲ့ နေရာမို့ အပျိုစင်နေရာလေးလို့လည်းခေါ်ကြသေးတယ်။ ဧရာဝတီတိုင်း ငရုတ်ကောင်မြို့ကတဆင့်သွားရပါတယ်။ ဧရာဝတီတိုင်းဆိုပေမယ့် နေရာက ဘင်္ဂလားပင်လယ်အော်နဲ့ မလှမ်းမကမ်းမို့ သာယာလှပတာထင်ပါတယ်။ ဒီဇိုင်းဆွဲပေးနေကြ Travel & Tours တစ်ခုက ဓာတ်ပုံရိုက်ဖို့ လိုက်ခဲ့ပါဆိုတာနဲ့ ခြေဆန့်ခဲ့မိပါတယ်။   ငွေဆောင်လမ်းကနေ ကျော်ပြီး တော်တော်သွားရပါတယ် လမ်းကလည်း ကြမ်းပါတယ်။ ငရုတ်ကောင်းမြို့ကိုရောက် ပြီး ဂေါ်ရန်ဂျီကျွန်းကို ဆိုင်ကယ်နဲ့သွားရပါတယ် ဆိုင်ကယ်နဲ့ဆိုပေမယ့် တစ်ဖက်တစ်ချက်ကို လှေနဲ့ ကူးရပါသေးတယ်။ ဆိုင်ကယ်နဲ့ဆို 45 မိနစ်လောက်ကြာပါတယ်။ လှေနဲ့သွားလို့လည်းရပါတယ် လှိုင်းကြမ်းရင်တော့ အရမ်းကြောက် စရာကောင်းပါတယ်။ စာရေးသူတို့အသွားမှာ လှေနဲ့သွားခဲ့တာ ခြေထောက်တွေတုန် လာမိတာ မှားလေခြင်းဆိုတဲ့ အတွေးတောင် ဝင်ခဲ့ပါတယ်။   ဂေါ်ရင်ဂျီကျွန်းရောက်ရင် လှပတဲ့ကမ်းခြေကို စတင်တွေ့မြင်ရမှာဖြစ်ပါတယ်။ ကျွန်းပေါ်ကနေ အနည်းငယ်လမ်း […]