ကြာဖူးကြပါသလား ။။။  ငေါင်း ။။။သတ္တဝါ ကျွန်တောလည်းမြန်မာ ပြည် ချောင်ကလောင်နေရာတွေ အစုံမဟုတ်တောင် တဝက်နီးပါးလောက် ရောက်ဖူးပါတယ်။။။ ပဲခူးရိုးမတောနက်ကြီးထဲမှာ …အရွက်နှစ်ရွက်သာရှိပြီး ခန်းမှန်းတစ်လက်မ သာသာလောက် လောက်အရွက်လေးတွေရယ် အမြင့်က လူတစ်မိုက်လောက်သာရှိပါတယ်။။။ အဲဒီအပင်ပေါက်ပုံစံ မျိုး  အပင်လေးတွေစုပြီးပေါက်နေတာပါ  လူသံတိတ်ဆိတ်နေတဲ့အခါမျိုး မှာ ဘယ်ညာယိမ်းနွဲ့ကနေတတ်ပြီး လူသံ ခြေသံကြားတာနဲပုံမှန်သစ်ပင်လိုမျိုးငြိမ်သက်သွားတဲ့ အပင်မျိုးလေးတွေ တွေ့ဘူးပါတယ်  အတူပါသူတွေ အိမ်မှာပြန်စိုက်ဘို့ နှုတ်ယူလာပေမယ့် လမ်း မှာတင်အပင်လေးတွေသေကုန်ပါတယ် ။ထူးထူးဆန်းဆန်းတွေ့ဘူးတာပါ။။ ရခိုင် ရိုးမ မှာတုန်းကတော့ အရိုးဆက်ပင် ကိုတွေဘူးပါတယ် ဒီအပင်ရဲအရွက်နဲ့ တောကောင်ရရင်ခုတ်ထစ်ပြီး ထုပ်ယူလာရင်အိမ်ရောက်လို့ ဖြေကြည်ပါက အရိုးများအားလုံးပြန်ဆက်နေတတ်ပါတယ် ရခိုင်ဒေသမှာတော့လက်ကျိုးခြေးကျိုးရင် ဒါနဲ့ပဲကုကြတယ်လို့ပြောပါတယ်  အိမ်မှာစိုက်ရင်တော့အိမ်သားတွေ တစ်ယောက်ပြီးတစ်ယောက် ခြေကျိုး လက်ကျိုးဖြစ်တတ်ပါ တယ်တဲ့။။ဒါကကျွန်တော်တွေ့ဖူးတာပါ။။။။။ အခုဆရာ မောင်ကြည်သန့် ရေးတဲ့ မြန်မာ့ဖြစ်ရပ်(100)စာအုပ်မှာဖတ်လိုက်ရတဲ  ငေါင်း […]