Yan ShinJune 20, 20111min672
ကျလည်းကျပ ဘာပဲဖြစ်ဖြစ်ပေါ့ ဒလဘက်ကမ်းရောက်တော့ ဖျာပုံကိုု ကားစီးရတယ်။ ဖျာပုံနဲ့ ဒလက မိုင်( ၆ဝ )ခန့်ပဲရှိပြီး MINIBUS လိုင်းကားရှိပါတယ်၊ ကားခက တစ်ဦးကို (၂၀၀ဝ ကျပ်)ပါ။ ဒါပေမဲ့ အနဲဆုံးလေးနာရီလောက်မောင်းရတယ်။ ဗင်ကား TAXI လည်းပြေးဆွဲပေးပါတယ်။ မောင်းသူနံဘေးက တစ်ယောက်တင်တယ် တစ်ယောက် (၆၀၀ဝ ကျပ်)။ အလယ်မှာ သုံးယောက်တင်ပါတယ် တစ်ယာက်(၅၀၀ဝကျပ်)။ နောက်ခန်း(ပစ္စည်းတင်ခန်း)အဖုံးခန်းက သုံးယောက်တင်ပါတယ် တစ်ယာက်(၂၀၀ဝကျပ်)။ ပေးရပါတယ်။ တကယ်လမ်းကောင်းပြီး တကယ်မောင်းရင် တစ်နာရီခွဲလောက်ပဲမောင်းရမှာပါ။ ခုက နှစ်နာရီခွဲ အနဲဆုံးမောင်းရပါတယ်။ ကျွန်တော်တို့ များသောအားဖြင့် သေကြာနေ့ညနေရုံးပိတ်ချိန် (၄း၃၀) (တကယ်ရုံးပိတ်ချိန်က ၅း၃၀) ညနေပြန် တနင်္လာနေ့မနက် ၅ နာရီလောက်အိမ်ကထွက် ဒလဘက်ကမ်းက (၆)နာရီမနက်ကားစီးမှ ရုံးတက်ချိန် မနက်(၈း၃၀-၉းဝ၀)နာရီမှီမှာပါ။ ဒါကြောင့်ဈေးကြီးပေမဲ့ ဗင်ကားပဲ […]