မောင်ဆန်းNovember 23, 20113min24113
အဆင့် (၃) ကတော့ ပေါင်းခံထားတဲ့ မှိုအထုတ်တွေထဲကို မှိုမျိုးထည့်ရတာ ဒီအဆင့်က သန့်ဘို့ လိုတဲ့အတွက် စိုက်ပျိုးရေးဌာနတွေမှာ ပိုးသတ်ထားတဲ့ အခန်းထဲ လုပ်ကြတယ်တဲ့ တပိုင်တနိုင် စိုက်ပျိုးတဲ့အိမ်တွေကျ ဘယ်လိုလုပ် ပိုးသတ်ထားတဲ့ အခန်းရနိုင်မလဲ ဒါပေမဲ့ မြန်မာပဲလေ ဒီလောက်ကတော့ အပျော့ပေါ့ ပလပ်စတစ်နဲ့ ခြင်ထောင်ပုံစံချုပ်လိုက်တယ် အထဲမှာ အရက်ပျံ ဖြန်း၊သုတ် ဆိုတော့ သန့်သွားပြီးပေါ့  မိုဘိုင်း ပိုးသတ်ခန်းထဲမှာ မှိုမျိုးထည့်ရတယ် ပေါင်းခံထားတဲ့ မှိုထုတ်ကို အပေါ်ကဖုံးထားတဲ့ သတင်စာ နဲ့ ဂွမ်းကြမ်းတွေဖွင့် မှိုမျိုးပုလင်း ( မှိုမျိုးပုလင်း သီးသန့် ရောင်းတဲ့ ဆိုင်တွေက ဝယ်ရတာ) ထဲက မှိုမျိုး နဲနဲစီထည့် ရတယ် ပြီးတော့မှ ဂွမ်းကြမ်းပြန်ထည့် သတင်းစာအသစ်နဲ့ ပြန်အုပ် လုပ်ရတယ် အလုံပိတ် […]


မောင်ဆန်းNovember 23, 20114min49920
မြန်မာစကားမှာ တစ်ခုခု အဆင်ပြေလို့ ပြုံးရွှင် မြူးထူးနေတဲ့ မျက်နှာကိုတွေရင် မှိုရတဲ့မျက်နှာကြီးနဲ့လို့ ပြောလေ့ရှိပါတယ် ၊ မှိုရတာနဲ့ အဲဒီလောက်တောင် ပျော်တယ်ဆိုတော့  မှိုက ရှားပါးပြီး ရဘို့က တော်တော်ခက်လို့ ဖြစ်ရမယ် ။ ရှေးကတော့ အခုခေတ်လို မှိုကို စိုက်ပျိုး တယ် ဆိုတာ မရှိဘဲ တောတွေ တောင်တွေ ထဲမှာ သွားလာရင်း  ရှာရင်း ဖွေရင်း နဲ့ မှ ဟိုတစ်စု ဒီတစ်စု ဟိုတစ်ကျင်း ဒီတစ်ကျင်း တွေ့ကျတယ် ထင်ပါရဲ့… အခုခေတ်တော့လဲ ရှေးကလို တောထဲ တောင်ထဲ ရှာကြတာအပြင် ကောက်ရိုးမှို ငွေနှင်းမှို စတဲ့ မှိုအမျိုးမျိုးကို နည်းအမျိုးမျိုးနဲ့ စိုက်ပျိုးနေကြပါပြီ ၊ အခုလို ပေါများလာပေမဲ့လဲ မှိုရရင် ပျော်လွန်းလို့ […]