IMG_08811.jpg

တညင္သားApril 19, 20123min50826
အွန်စောတို့ အမျိုးတွေဗျ     သူတို့လဲ ဖျော်ဖြေတယ်     သူတို့လဲ လာကျွေးတယ် ကို ညီအကို တွေပဲဟာ နော့…   မမ ကတာ လှလားဟင်   ဝေဝေ့ လက်ရာ ကို သနားတယ်   *သူငယ်ချင်းတစ်ယောက် ပေးပို့ပါသည် 


တညင္သားSeptember 10, 20111min19310
ဒီအကြောင်းလေး ပြောခြင်နေတာကြာပြီ  အခုမှ တိုက်ဆိုင်လာလို့ … အတိုချုံ့ပြီး ပြောရရင်တော့ ငယ်ငယ်တုန်းက ကျွန်တော်တို့ အိမ်ကို တကိုယ်လုံးအသားမဲနေတဲ့ မြန်မာနိင်ငံသားတစ်ဦး ဆိတ်ကြီး တစ်ကောင်ဆွဲပြီးရောက်လာတယ် .. သူပြောတဲ့စကားတွေကလဲ မနဲ နားထောင်ရတာပေါ့ဗျာ.. ကျွန်တော်အဖေနဲ့ စကားတွေပြောပြီး ပြန်သွားတော့မှာ အဖေက အကြောင်းစုံပြောပြတယ် .. နံမည်က သံဂွန်း လယ်လုပ်ပါတယ် မပြေလည်ဘူးဆိုပါတော့ တစ်နေ့ ကျွန်တော်အဖေ အဲဒီ သံဂွန်းဆိုတဲ့ သူရဲ့ တဲကိုရောက်ခဲ့တယ်. .စားပင်လေးတွေစိုက်ဖို့  ဘဲလေး၊ ကြက်လေး မွေ ဖို့  စသဖြင့် အကြံဉာဏ်လေးနဲနဲပေးခဲ့တယ် ..အခု (၅)နှစ်လောက်ကြာတော့ သူပြေလည်နေပြီ ဆိုတဲ့အကြောင်း သီးပင် စားပင် အစုံရှိတယ် ၊ ဘ ဲ၊ကြက် အပြင် ဆိတ်မလေး တစ်ကောင်ကနေ အခုအများကြီးဖြစ်နေပြီ ဆိုတဲ့အကြောင်းတွေ ပြောရင်းနဲ့ […]


တညင္သားMay 10, 20113min1151
တောင်ကိုရီးယားနိင်ငံ  ဆိုး(လ်)မြို့တော်  ဂျိုဂယဲ့ဆာ ဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓ မွေးေနေ့ အကြို ပွဲတော်  မှတ်တမ်း ပုံများထဲမှ အနည်းငယ် ဖော်ပြပေးလိုက်ပါတယ်.. တရုပ် ၊နီပေါ နှင့် ကိုရွေ မြန်မာ များလဲ ထိုပွဲတော်သို့ တက်ရောက်ခဲကြတယ်လို့ ကျွန်တော် မေးထဲမှ ရွာသာတွေအတွက်ပြန်လည် ဝေငှ ပေးလိုက်ပါသည်  ၊ ယနေ့မြန်မာသတင်းတွင်လဲသွားရောက်ကြည့်ရှုနိင်ပါသည်……


တညင္သားMay 8, 20111min25019
   သန်လျှင် ဆံတော်ရှင်ကျိုက်ခေါက်စေတီ ပုံတွေပါ  ရွာသားတွေ ဖူးမျှော်နိင်အောင်တင်ပေးလိုက်ပါတယ်…..  တကယ်ကို ထူးခြားတဲ့ သန်လျှင် ..ကျောက်တန်း .. ခရမ်း..သုံးခွ မြို့ လေးမြို့ရဲ့ လမ်းဆုံတဲ့နေရာ  ကုန်တော်မြင့်မြင့်လေးမှာ တည်ထားကိုကွယ်ခဲ့တာပါ။တောင်ငူဘုရင် နတ်သျှင်နောင် ဖူးမျော်ခဲ့တဲ့ဘုရား.. ရှင်မွေးလွန်းနဲ့ မင်းနဒ္ဒါ သစ္စာ ွတိုင်တည်ခဲ့ တဲ့စေတီ ဖြစ်ပါတယ်(သီချင်းထဲပါတာပြောတာ) …      အမှန်တော့  သန်လျှင် နဲ့ ကျောက်တန်းနဲ့က ( ၁၂) မိုင် လောက်ဝေးပါတယ်..  တချို့က သန်လျှင်ရေလယ် ဘုရားသွားကြမယ်ဟေ့ ဆိုပြီး  ကျိုက်ခေါက်စေတီကို ကျော်သွားတက်ပါတယ်.. ရန်ကုန်က ဆူးလေစေတီလိုပါပဲ  ကားပေါ်ကပဲ ဖူးရင်း ကျော်သွားတက်လို့ ကပ်ကျော် စေတီလို့ ခေါ်ဝေါ် သမုဒ်ကြတဲ့ စေတီပေါ့….ရွာထဲက အဒေါ်တယောက် ကျောက်တန်းရေလယ် စေတီပုံ တင်ပေးပြီး ..တညင်သား လေ   ဒီရွာသားအဖြစ်နဲ့ တာဝန်မကျေသလိုခံစားရလို့ ရွာသားတွေဖူးမျှော်နိင်အောင် တကူးတက  […]


တညင္သားApril 23, 20111min17412
ငရဲကြီးမယ် ဝဋ်လိုက်လိမ့်မယ်လို့ ကျွန်တော်တို့ တတွေ သိကြမှာပါ..ငရဲကြီးတာကိုတော့ ကောင်းမှု့တွေများများလုပ်ပေါ့ ပပြောက်နိင်တယ်(သို့မဟုတ်) တကြိမ်တော့ ခံရလိမ့်မယ်.. ဝဋ်ရှိရင်တော့ဆပ်လို့ မကုန်ဘူးတဲ့.. ဝဋ်မှာအမြဲ ငရဲမှာ အပ လို့ဆိုတာကိုး..ဒီစကားမှားခဲ့ရင်လဲ ကျွန်တော်ဉာဏ်မှီလို့ပဲ ထားလိုက်ပါ..ဘာပဲဖြစ်ဖြစ် လူတွေကတော့ စားတာ၊သွားတာ နေတာ၊ ထိုင်တာ နောက်ဆုံးသေရင်တောင် ကောင်းကောင်း သေချင်ကြတာပဲမဟုတ်လား သေပြီးရင်ဘာမှ မသိတော့ဘူး ဆိုပေမဲ့ မသေခင်မှာ ကိုသေရမဲ့ အဖြစ်ဆိုးကြီးတွေ့လိုက်ရရင် ဘယ်လို ခံစားရမလဲမသိဘူး…… ဥပမာ. ကိုကဘယ်လိုမှ့လူပ်လို့ မရတဲ့အချိန် ကို့ကိုယ် သေစေနိင်တဲ့ အရာဝထ္ထုုတစ်ခုက တဲ့တဲ့ကြီးတဖြေးဖြေး လာနေတဲ့အချိန်မျိုးဆို မစဉ်းစားရဲဘူး… တစ်နေ့ငါသည်သေရမည် မှန်သော်လဲ ဒီလိုအဖြစ်မျိုးတော့ ကြောက်မိတာအမှန်..အဖန်တလဲလဲခံရမဲ့ဝဋ်ဆိုရင်တော့ ပိုဆိုးတာပေါ့နော်… ကျွန်တော် မအူပင် စက်က္ကူစက်ရုံ မှာ တာဝန်ကျတော့ တွေ့ ခဲ့ရတဲ့အဖြစ်တခုပါ..ဒီစက်ရုံမှာက သယ်ယူပို့ဆောင်ရေးက လယ်ထွန်စက်နဲ့ […]


တညင္သားApril 20, 20111min16112
 ၂၀၁၁ ဧပြီလ ၁ရ (တနင်္ဂနွေ) နေ့ မှာ ကိုရီးယာနိင်ငံ  ဘူးချွန်းမြို့တော် ပြည်သူ့အားကစားကွင်းမှာ မြန်မာ့ရိုးရာ နှစ်ကူးအတာသင်္ကြန် ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ် ..မြန်မာအသင်း(ကိုရီးယား)ရဲ့ ဦးဆောင်မူ့ဖြင့် မြန်မာနိုင်ငံသားများနှင့်တကွ သင်္ကြန်ကို စိတ်ဝင်စားသော ကိုရီးယားနိုင်ငံသားတချို့ တပျော်တပါး  ပါဝင်ဆင်နွဲခဲ့ပါတယ်..လူဦးရေ (၁၀၀၀)နီးပါးခန့် လာရောက်ကြပြီး အကျွေးအမွေး အနေဖြင့် ညီအကို၊ သူငယ်ချင်း၊ အသင်း၊ အဖွဲ့ (၂၀) ကျော်  မုန့်မျိုးစုံ ။ထမင်း ၊ အချိုရည် စသည်ဖြင့် စတုဒီသာကျွေးမွေးဧည့်ခံကြပါတယ်.. ဖျော်ဖြေရေးကိုတော့ ရိန်ဘိုး တေးဂီတ ၊ မျိုးချစ်မောင် ဒိုးဝိုင်း ၊ ကိုရီးယား (လူ့အခွင့်ရေးနဲ့ ဖွင့်ဖြိုးရေး)ကျောင်းမှ ကျောင်းသာ၊ကျောင်းသူများလာရောက်ဖျော်ဖြေပေးခဲ့ကြပါတယ်…