Yin Nyine NwaySeptember 29, 20101min780
မသန်စွမ်းသူများ ရေကူးပြိုင်ပွဲမှာ လူသုံးယောက် ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ပထမတယောက်က လက်တွေမရှိဘူး။ ဒုတိယတယောက်က ခြေထောက်တွေမပါဘူး။ တတိယတယောက်က ခေါင်းချည်းဘဲပါတယ်၊ ကိုယ်လုံးမပါဘူး။ သူတို့အားလုံး အသင့်နေရာယူပြီးတဲ့အခါ ဝီစီ မှုတ်ပါတော့တယ်။ “ဘွမ်း…” .ကနဲ အားလုံးရေကူးကန်ထဲ ရောက်သွားတယ်… လက်မပါတဲ့သူက ချက်ခြင်းဆိုသလိုဘဲ ဦးဆောင်ကူးခပ်နေပါတယ်၊ ဒါပေမဲ့ ခြေထောက်မပါတဲ့သူက နောက်ကကပ်လိုက်နေတယ်။ အဲ…ကိုယ်ရွှေဦးခေါင်းကတော့ ‘ပလုံ’ ဆိုပြီး မြုပ်သွားလိုက်တာ ကန်အောက်ခြေကို ထိရော… အသွားအပြန် ၅ ခေါက်လဲ ကူးပြီးရော ခြေထောက်မပါတဲ့လူက ပထမနေရာကနေ ပန်းဝင်ပါတယ်။ ရေကန်အောက်ခြေကနေ ပူပေါင်းလေးတွေ ပလုံစီပြီးတက်လာနေတာကို အဲဒီအချိန်အထိ သူတွေ့နေရဆဲဘဲ။ ဒါနဲ့ ရေအောက်ကို ငုပ်ပြီး ကိုရွှေဦးခေါင်းကိုကယ်တင်လိုက်ရတယ်။ ရေပေါ်လဲပေါ်လာရော…ကိုဦးခေါင်းခမြာ ချောင်းတွေဆိုးပြီး သီးနေလိုက်တာ တော်တော်နဲ့ အသက်မရှုနိုင်ဘူး။ စကားလဲ ပြောနိုင်ရော…ဘာပြောတယ်မှတ်လဲ… … […]