unclegyi1974October 22, 20103min770
ဘုရားသုံးဆူပြီးသည်နှင့်အိမ်တော်ရာဘုရားပွဲဖြစ်ပါတယ် အိမ်တော်ရာ ဘုရားပွဲသည်ကြီးလည်းကြီးစည်လည်းစည် သမိုင်းအရလည်းတန်ဖိုးကြီး၍ မရောက်ဖူသေးသူများ အတွက်ရည်ရွယ်ပြီးဆက်လက်တင်ပြပေးလိုက် ပါတယ် မြန်မာပြည်သူအများသိသောအမည်က အိမ်တော်ရာစေတီပါ ပုဂံမင်း မင်းသားအဖြစ်နှင့်နေတော်မူဖူးသော နေရာတွင်စေတီတည်သော ကြောင့် အိမ်တော်ရာစေတီဟု အမည်တွင်ပါသည်။ ပုဂံမင်းရေစက်ချဘွဲ့အမည်မှာ မဟာလောကရံသီ ဘုရားဖြစ်ပါသည် ရွှေဘိုမင်း၏သားတော် ပုဂံမင်းသည် သီရိသုဓမ္မတိလောကပဝရမဟာဓမ္မရာဇာ အမည်ဖြင့် မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ်တပေါင်းလဆန်း ၁၃ ရက်စနေ နေ့တွင်နန်းတက်တော်မူသည် မြန်မာသက္ကရာဇ်၁၂၀၉ ခုနှစ်နတ်တော်လဆန်း ၃ ရက် ဗုဒ္ဓဟူးနေ့တွင် ပန်းတိမ်မြို့ ပန်းပဲမြို့စား ပန်းပဲဝန် အတွင်းဝန်မင်းကြီး မင်းလှကျော်ခေါင် အားကြီးကြပ်စေပြီးစေတီတော်မြတ်ကြီးကိုတည်ဆောက်စေခဲ့ပါသည် တည်ဆောက်ပြီးချိန်တွင် ဆင်းတုတော် ၁၂၀ဝကျော် ရွှေသားဖြင့်ပြုလုပ် ထားသောဘေးလောင်းတော် ဘိုးလောင်းတော် ရုပ်ပွားတော်များကိုဌါပနာပြီး မြန်မာသက္ကရာဇ် ၁၂၁ဝတန်ဆောင်မုန်းလပြည့်ကျော် ၆ ရက် ကြာသာပတေးနေ့တွင် ဘုံခုနှစ်ဆင့်ရှိ ထီးတော်ကြီးကိုတင်လှူပူဇော်ပြီး ရေစက်သွန်းချလှူဒါန်း ခဲ့ပါသည် […]