Ma EiMarch 28, 20131min65634
စိုက်သင့်ပါသည် ဂမုန်းစေတီ… ဂမုန်းပင်များကို နေအိမ်ခြံဝန်းများတွင် ကျက်သရေဆောင် အလှအဖြစ်လည်းကောင်း၊အကျိုးသက်ရောက်မှုကို ယုံကြည်၍လည်းကောင်း စိုက်ပျိုးလေ့ရှိကြပါသည်။ ဂမုန်းအမျိုးမျိုးတို့တွင် ဆေးဖက်ဝင်သော၊ ဥစ္စာစည်းစိမ် ချမ်းသာနှင့်ပြည့်စုံစေသော၊ စုန်းနတ် ပယောဂဘေး၊ ရန်သူတို့၏ ဘေးရန်မှ ကာကွယ်ပေးတတ်သော ဂမုန်းများရှိသကဲ့သို့ စီးပွားလာဘ်လာဘ တိုးတက်စေသော်လည်း၊ မိသားစုတွင် ကျန်းမာရေး ချူချာစေသော အမှုအခင်း ပြသနာ အဖုံဖုံ၊ ဘေးရန်များခြင်း စိတ်သောက မျိုးစုံဖြစ်စေတတ်သော ဂမုန်းများလည်း ရှိကြောင်း ဖတ်မှတ်ရဖူးပါသည်။ ဂမုန်းစေတီတွင် ရွက်ဖတ်များ ကြွေသွားမှ စေတီပုံဂမုန်းဥကိုတွေ့ရမည်ဖြစ်သည်။ မတ်လလောက်တွင် ရိုးတံရှည်အဖူး ထွက်လာပြီးသစ်ခွပွင့်ကဲ့သို့ စိမ်းဝါရောင် အပွင့်များ ပွင့်တတ်ကာ တစ်ခါတစ်ရံ အသီးသီးပါသည်။ စေတီပုံ ဥတစ်ဥမှ အဖူးတစ်ခိုင်နှင့် ပင်ပွားတစ်ပင် ထွက်ကာ မျိုးပွားတတ်ပါသည်။ သို့သော်လည်း စေတီဥတိုင်း အဖူးခိုင်ထွက်ခြင်းမရှိပါ၊ စေတီဂမုန်းပင်မှ အဖူးခိုင်များများထွက် […]