ကြောင်လေးMarch 19, 20121min24415
စေတီနဲ့ ဌာပနာ “အခုခေတ်တော့.. စေတီပုထိုးကြီးတွေ..မြင့်မားထိုးထောင်များပြားအောင်လုပ်.. အဲဒီကထုံးသင်္ကန်း..အဲဒီကနေ.. ရွှေရောင်..အဲဒီကနေ..ရွှေအစစ်.အဲဒီကနေ.. စိန်ဖူးတော်..အဲဒီကနေ..ကျောက်မျက်ရတနာတွေ.. အဲဒီကနေ.. အဲဒီကနေ..အဲဒီကနေ.. မဆုံးနိုင်အောင်အားစိုက်နေတာနဲ့..ငွေအရင်းအမြစ်တွေဆုံးရှုံးနေတာမို့……” သဂျီးရဲ့ကွန်မန့်လေးဖတ်လိုက်ရတော့ စေတီတည်တာနဲ့ ဌာပနာထည့်တဲ့ကိစ္စကို ဆရာတော်တစ်ပါးမှတ်ချက် ချတာလေးသတိရသွားတယ်။  ဗုဒ္ဓဘာသာရဲ့ အမှန်စေတီလေးမျိုးက ဓာတုစေတီ၊ဓမ္မစေတီ၊ဥဒ္ဓိသစေတီ၊ ပရိဘောဂစေတီ ဆိုပြီး ရှိတာအများသိပြီးဖြစ်ပါမယ်။ အကျယ်မချဲ့တော့ပါဘူး၊ ဓါတုစေတီဆိုတာ မြတ်စွာဘုရားရဲ့ ဓါတ်တော်တွေကိုဌာပနာထားပြီး အုတ်နဲ့ စေတီ တည်ထားတာပါ၊ ဓါတ်တော်တွေကိုရည်မှတ်အာရုံပြုပြီး ပူဇော်ကိုးကွယ်ကြတာပါ။  နောက်ပိုင်းမှာ ရှေးဘုရင်တွေက သူ့ထက်ငါအပြိုင် စေတီတွေ တည်ပါတယ်၊“လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရာပေါင်း”၊တို့ “သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း”တို့ကြားဖူးကြမှာပါ။ ရခိုင်ဘုရားကပိုများပါတယ်။ ပုဂံဘုရားတွေဧရာဝတီမြစ်ရေတိုက်စားလို့ ပါသွားတာက “ရွှေလသာဝါဝါဝင်း၊ဘုရားရေချိုးဆင်း” ဆိုတော့ နှစ်ခုပေါင်းမှ လေးသန်းကျော်ပါ၊ရခိုင်ဘုရားက ခြောက်သန်းကျော်၊ အဲဒီအထဲကို ထည့်စရာ                       ဗုဒ္ဓရဲ့ အမွေအနှစ်တွေ ထည့်စရာမရှိတော့ ရွှေငွေကျောက်သံပတ္တမြားတွေထည့်ကြတယ်၊     […]