နွေဦးNovember 13, 20132min22320
ဒီတခါ ဒဲ့ပြောတာပါ..… တကယ်ပါ ဒီတခါ ဒဲ့ပြောမှာပါ ။တခါလေးစောင်းပြောလိုက်ပါတယ် နောက်ပြောတာတွေအားလုံး အဓိပ္ပါယ်တမျိုးနဲ့ ဖတ်ကြတော့မယ်ဆို ကျွန်တော် ဒုက္ခနဲ့ လှလှတွေ့ကြမှာ.. ဒါ့ကြောင့် တဲ့တဲ့ဘဲရေးလိုက်တော့မယ် ။ တလွဲမတွေးကြနဲ့နော်…။ ဒီလိုဗျ ဒီလို..ဒီတခါလုပ်မဲ့ပွဲမှာ ကျုပ်ဇွတ်ချဲတော့မယ် ဆိုတဲ့အကြောင်းပြောချင်တာ….။ ဒီတပွဲမှာ သူက ဝင်အရွေးခံမယ်လို့ပြောနေပြန်ပြီ..။ ဘယ့်နဲ့ဗျာ..သည်းခံလာတာကြာခဲ့ပြီ..ခုထိဝေ့လယ်ကြောင်ပါတ်နဲ့ နေရာကလိုချင်သေးတယ် မဖယ်ပေးချင်ဘူး..။ ပြောတော့ အငြိမ်းစားယူပြီးခြံထဲ စာဖတ်ပြီး အေးအေးဘဲနေတော့မယ်ဆိုတာ…။ ခုဒီမှာ လှုပ်လှုပ်ရှားရှားဖြစ်လာတာနဲ့ သူဒီဘက်ကို ခြေဦးလှည့်နေပြန်ပြီ…။ သူ့ကိုတော်တော်များများကမထောက်ခံတော့ဘူး… အရင်က ဆရာဆရာဆိုပြီးလုပ်ခဲ့တဲ့ တပည့်တွေလည်း ခုအနားမှာသိပ်မကျန်တော့ဘူး.. ဒီသီတင်းကျွတ်မှာတောင် တပည့်တွေက လာကန်တော့တာ သိပ်မရှိဘူး.. မှတ်မှတ်ရရ ဟိုတယောက်ဘဲ လာကန်တော့တယ်လို့ကြားတာ…။ ဖြစ်မှာပေါ့..လူကြီးလုပ်ပြီး မျှမျှတတ မှမရှိတာ..။ သူ့လက်ထက်က သူလုပ်ခဲ့တာတွေ ကောင်းမှမကောင်းခဲ့တာ…။ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ဆိုင်ခန်းတွေကို အပြင်ပေါက်ဈေးထက် […]