kaiMarch 29, 20101min1192
ပွဲမကြည့်တာကြာပြီမို ့ဒီနေ့အယ်လ်အေမှာ ဖြစ်တဲ့ပွဲကြည့်ဖြစ်ပါတယ်။  စောဘွဲ့မှုးအမှတ်တရပွဲဖြစ်ပါတယ်။ စောဘွဲ့မှုးရဲ့ သမီး၂ယောက်နဲ့ သားမက်တို့ အဓီကပါတဲ့ပွဲမှာ သားဖြစ်သူ ဘွဲ ့လေးကိုတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ ရုံပြည့်မတတ် အားပေးကြတာမို ့ အခြေအနေတော်တော်ကောင်းတဲ့ပွဲလို့ဆိုရမှာပါ။ ပွဲကို အဓိကတာဝန်ခံလုပ်ပေးတဲ့ NewStrengthFoundation ဆိုတာက မြန်မာ-ထိုင်းနယ်စပ်ကကလေးတွေနဲ့ ယူအက်စ်ရောက် ပြောင်းခိုသူတွေကို အကူအညီပေးနေတဲ့ အသင်းကြီးဖြစ်တော့ လက်ခံရရှိတဲ့ငွေတွေကို အရင်းတွေနှုတ်ပြီးရင် ကျန်တာတွေ လှူတန်းပစ်မှာဖြစ်ပါတယ်လို့ ပြောပါတယ်။ ညနေ၄နာရီကစပြီး ရနာရီ မခွဲခင်မှာ ရပ်လိုက်ရတဲ့ ဒီပွဲဟာ ပရိသတ်အတွက်တော့ ကျေနပ်စရာကောင်းပါတယ်။ ြိငိမ်ြိငိမ်သက်သက်ပဲ အားပေးကြပြီး အေးအေးဆေးဆေးပဲ အိမ်ပြန်ကြတာပါ။ တော်တော်လေးအနှောက်အယှက်ဖြစ်စရာကောင်းတာက လုံခြုံရေးတာဝန်ကျတွေပါပဲ။ သူတို့ကဗမာတွေမဟုတ်လေတော့ နေရာတကာ လိုက်ချောင်းနေပြီး ပြီးခဲ့တဲ့တခေါက် လေးဇီးကလပ်တုံးကလို ဒဏ်ကြေးငွေများ ရမလားရယ်လု့ိများတွက်နေသလားတော့ မသိပါ။ တကယ်လည်း ပွဲခင်းထဲဘီယာပုလင်းအဖုံးလေးတွေ့သွားတာမို ့ပြသနာဖြစ်တဲ့ […]