cobraFebruary 5, 20111min1164
ဒီမိုကရေစီစနစ်သာလျှင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လွတ်လပ်မှုနဲ့ တန်းတူမှုကို အာမခံချက်ပေးနိုင်တယ်။ ဒီမိုက ရေစီရဖို့က ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက တက်ညီလက်ညီ တပြိုင်တည်း ဒီစစ်အာဏာရှင်စနစ်ကို တိုက် မှရမယ်။ ဟိုတပေါက် ဒီတပေါက် လုပ်လို့မဖြစ်ဘူး။ ညီညီညွတ်ညွတ် လုပ်မှရမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ထောက်ခံတယ်။ ကျနော်တို့ ထောက်ခံတယ်ဆိုတာ တိုက်ပွဲနဲ့ အသက်နဲ့ရင်းပြီး ထောက်ခံတာဖြစ်တယ်။ တိုက်ပွဲပုံစံမတူပေမယ့် စိတ်တူကိုယ်တူ တထပ်တည်းပဲ။ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ ပြန်စုစည်းမှရမယ်။ ဘယ်နည်းနဲ့ပဲတိုက်တိုက် ဒီစစ်အာ ဏာရှင်စနစ်က တိုက်မှရမယ်။ ဒါကြောင့် ကျနော်တို့တိုက်ပွဲဝင်တဲ့ အင်အားစုအားလုံးစုစည်းညီညွတ်ဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲကိုပဲ တာဝန်ပေးလို့ မဖြစ်ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေကလည်း အပြည့်အ ဝ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ […]