black chawJanuary 29, 20131min1569
ကဗျာဆရာ စောဝေ…။ အပြည့်အစုံ ပြောရလျှင် ဖြူးအဓိပတိ ထမင်းဆိုင်ပိုင်ရှင် ကိုစောဝေ ပေါ့ ခင်ဗျာ…။ အဆိုပါ ဖြူးအဓိပတိ ထမင်းဆိုင် ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းသစ် မှာလာဖွင့်သောအခါ… အစားအသောက် ကောင်းကောင်းကြိုက်တတ်သော ကျွန်တော် မကြာခဏ သွားစားဖြစ်ပါသည်…။ ဟိုးတုန်းကပါဗျာ…။ စားရင်းသောက်ရင်း အဓိပတိ ထမင်းဆိုင် ပိုင်ရှင် ကိုစောဝေ နှင့် စာအကြောင်း ပေအကြောင်း မဂ္ဂဇင်းတွေအကြောင်း အနုပညာလောက အကြောင်း စသည်ဖြင့် လေပေးဖြောင့်နေတတ်ပါသည်…။ အမှန်အတိုင်းပြောရလျှင် ထွက်သမျှ မဂ္ဂဇင်း ပေါင်းစုံကို လစဉ်ဖတ်နေကျဖြစ်သဖြင့် အဓိပတိ ထမင်းဆိုင်ပိုင်ရှင်ကြီး ကိုစောဝေ သည် ကဗျာရေးသော ကိုစောဝေဖြစ်ကြောင်း ဘလက်ချော တစ်ယောက် ကောင်းကောင်းကြီး သိနေခဲ့ပါသည်…။ သုံးလေး ကြိမ်မြောက်ခန့်တွင် ကိုစောဝေက သူရေးသားထုတ်ဝေခဲ့သော ကဗျာစာအုပ်တစ်အုပ်ကို […]