etoneDecember 21, 20112min18430
                ပင်လယ်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့လေပြင်ညှင်းက ကျွန်မစိတ်တွေကို လန်းဆန်းစေပါတယ် ။ စိုစွတ်စွတ်သဲမြေပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်ရခြင်းကလည်း လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုကို ဖြစ်စေပါတယ် ။ တိမ်တွေကြားမှ ခပ်ကျဲကျဲ ကျနေတဲ့နေရောင်ကလည်း နွေးထွေးမှုကို ပေးပါသေးတယ် ။ ကမ်းစပ်ကို အရှိန်အဟုန်နဲ့ ပြေးတိုက်လာတဲ့ ပင်လယ်လှိုင်လုံးလေးတွေရဲ့ အသံကလည်း သဘာဝရဲ့ဆည်းချက်တွေလိုပါပဲ ။ ပတ်ဝန်းကျင်နဲ့ ရာသီဥုတုအနေထား သဟာဇာတကျစွာ မျှတပြီး အနားယူလို့ကောင်းတဲ့နေရာလေးကတော့ ချောင်းသာကမ်းခြေမှာပါပဲ ။ မြို့ပြရဲ့ မွန်းကြပ်လှတဲ့ ဘဝတွေထဲ ခဏတာထွက်ပြေးပုန်းရှောင်ရင်း  ဒီလိုနေရာလေးမှာ အပန်းဖြေအနားယူရတာ ကြုံတောင့်ကြုံခဲ နေ့ရက်တွေပါပဲ ။ နေစဉ်နေ ့တိုင်း ၊ မီးခိုးတွေ ၊ ဖုန်မှုတွေ […]