ရွာထဲ နေ့စဉ်ပုံမှန်ဝင်မယ်လို့ ဆုံးဖြတ်ရင်း ဒီနေ့နံနက်မှာတော့ ဒေါ်ပြောင်းဖူးဆိုတဲ့ ပို့စ်လေးကို ဖတ်မိလိုက်တယ်။ တစ်မျက်နှာ တစ်ဘဝလို့ပြောရတဲ့ စာစုလေးပေါ့။ ရေးတတ်ရင်တော့ ဝတ္တုတိုကောင်းကောင်းတစ်ပုဒ်လောက်တော့ ရပါရဲ့။ အခုလည်း ဒီပို့စ်လေးကိုရေးရင်း ဒေါ်ပြောင်းဖူးပို့စ်ကို မှီးငြမ်းပြီး ဝတ္တုတိုလေးတစ်ပုဒ်လောက် ရေးပါရစေလို့ ခွင့်တောင်းချင်ပါရဲ့။   ဒေါ်ပြောင်းဖူးကို စိတ်ထဲမှန်းကြည့်ရင်း အခုခေတ်ဈေးသည်တွေကို မျက်စိထဲ ပြေးမြင်မိပါရဲ့။ တခါတခါ စကားပြောဖြစ်ရင်တော့ အမေကတော့ ပြောရှာတယ်။ ခေတ်ကမကောင်းတော့ လူတွေလည်း ဈေးသည်တွေဖြစ်ကုန်ပြီဆိုတာပါပဲ။ အမေပြောတဲ့ စကားတစ်ခွန်းလည်း ရှိသေးပါရဲ့။ တတ်လို့ဈေးရောင်းတာမဟုတ် ငတ်လို့ဈေးရောင်းတာတဲ့။   ဈေးရောင်ခြင်းမှာလည်း အတတ်ပညာဆိုတာ လိုသေးသကိုး။ အခုခေတ်ဈေးသည်တွေမှာလည်း စေတနာထည့်ရောင်းတာဟာ အတော့်ကို ရှားပါနေပါပြီ။ ဈေးသည်လို့ဆိုရာမှာ ဝမ်းဖြည့်တဲ့စားစရာကအစ မုန့်ပဲသွားရည်စာအဆုံးပေါ့။ တစ်ရက်ကပဲ တီဒုံရဲ့ မုန့်ရောင်းပွဲတော်လေးအကြောင်းဖတ်ရတော့ ဝမ်းသာမိတယ်။ အဲ့လို မြန်မာမုန့်တွေဟာ […]