မြသဲ ( 17082011 )November 21, 20131min40233
မနေ့က passport သက်တမ်းသွားတိုးပါတယ်။ မသွားခင်ရက်ကတဲက စိတ်ဖိစီးမှု့အတော်များပါတယ်။ အဲဒီရုံးကတခါသွားစည်းကမ်းတခါပြောင်းမို့ ဘာတွေဘယ်လိုဖြစ် လာမယ် မသိတော့ စိတ်မအေးဖြစ်ရပါတယ်။ ဒါပေမဲ့လဲ မတိုးမဖြစ်ဆိုတော့ ဘုရားတရားတသွားရပါတယ်။ အတော်လေးဖြေလျှော့လာတဲ့စည်းကမ်းတွေကြောင့်တရက်နဲ့ပြီးခဲ့ပါတယ်။ ခါတိုင်းလို ရုံးပေါင်းစုံပြေး ဖောင်တင် စလစ်ထုပ်နဲ့ရက်တွေအလီလီသွားစရာမလိုတော့ပါဘူး။ လက်မောင်းပြုတ်မတတ်ဖောင်တွေလဲဖြည့်စရာမလိုတော့ပါဘူး။ နောက် ပိုက်ဆံ အိပ်တွေလဲရုံးထဲယူလို့ရပါပြီ။ အရင်ကဆိုအပေါက်မှာအိပ်တွေအပ်ပစ်ခဲ့ရတာစိတ်ညစ်စရာပါ။ အခုတော့ယူခွင့်ရှိပါပြီ။ အခုလုပ်မဲ့သူတွေအတွက် လုပ်ငန်းစဉ်နဲ့သိသင့်သိထိုက် တာလေးတွေပြောပြချင်လို့ပါ။ မခက်ပေမဲ့ပိုမြန်အောင်လို့ပါ။ တခါရွာသားတယောက်တင်ဖူးတယ်ထင်ပါတယ်။ အခုကတော့ ယနေ့အခြေအနေလေးပြန်တင်ပေးပါ့မယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ အသစ်လုပ်မယ်ဆိုရင် ၁. အိမ်ထောင်စုစာရင်းမိတ္တူ ( ၃ ) စုံ နှင့် မူရင်း ၂. မှတ်ပုံတင်မိတ္တူ ( ၃ ) စုံ နှင့် မူရင်း သက်တမ်းတိုးမယ်ဆိုရင် ၁. မှတ်ပုံတင်မိတ္တူ ( ၂ ) […]