စိန်ကြက်ဆင်December 10, 20122min1175
ဆောင်း …… ခို ………. ငှက် ဆောင်းသည် နေ့တာတို၍ ညတာရှည်၏။ ဆောင်းရက် မနက်များသည် ကျနော့်အဖို့ အထီးကျန်ဆန်စေသည်။ ထို့အတူ ဆောင်းရက် ညများသည်လဲ ပြောင်းလဲမှု တစုံတရာအဖြစ် အထွေအထူး မပေါ်လာခဲ့ပေ။ လူတိုင်းတွင် နေ့စဉ် ဘဝများ ရှိနေသည်။ မွမ်းကျပ်မှု၊ တွေဝေမှု၊ ဖိစီးမှု အစသဖြင့် ” မှု ” ပေါင်းများစွာအလယ် ကျင်လည်ဖြတ်သန်းရင်း ထိုနေ့စဉ် ဆိုသော အရာများကို ကျော်ဖြတ်နေရသည်။ ထိုကာလများတွင်  ကျနော့်အဖို့ ဆောင်းရက်များသည် ပို၍ပင်ပန်း ခက်ခဲနေစေပါသည်။ ဆောင်းခိုငှက် တကောင်၏ နံနက်ခင်းသည် တက်ကြွလန်းဆမ်းမှု ပြည့်နှက်နေသော်ငြား ရုန်းကန်မှုများအား အချိန်တိုတွင်း ဖြတ်သန်းရသဖြင့် ပို၍ပင်ပန်းစေပါသည်။ ကျနော်သည် ဆောင်းခိုငှက် တစ်ကောင်ကဲ့သို့ မိုင်ထောင်ချီ ပျံသန်းခဲ့ရယုံသာမက နံနက်ခင်း၏ အားအင် အနည်းငယ်ဖြင့် ဘဝကို အချိန်တိုအတွင်း ပင်ပန်းစွာ ဖြတ်သန်းနေရသူပင် ဖြစ်သည်။ ဆောင်းခိုငှက်တို့ မည်သည် အချိန်တန်သော် မိုင်ထောင်ချီသော နေရင်းအရပ်သို့ ပြန်ကြရပေလိမ့်အုံးမည်။ ဤတွင် […]