ခုတလောရွာထဲမှာလဲ ထိန်းမနိုင်သိမ်းမနိုင်တဲ့ သူတွေကြောင့် သံတွဲသား၊သံတွဲသူတွေကို တော်တော်လေးအထင်လွဲနေကြမယ်ထင်ပါရဲ ့ဗျာ။တကယ်တော့ အသံမစဲတဲ့ မြို ့သံတွဲ၊ဖွဲလံကြဲတဲ ့မြို ့သံတွဲ(ကိုမောင်ပေ့ဟန်)ဖြစ်နေပေသော်လဲ အများတကာမြို ့တွေထက်တော့ ပိုလွန်းနေသော်လဲ တစ်ချို ့ကိစ္စတွေများဆို ခြုံပုတ်ထဲက လက်သီးထောင်ပြနေသူတွေ၊ကြောင့် ယိုသူမရှက်၊မြင်သူရှက်နေရပါလေရော့လား။ တကယ်တော့ ကျွန်တော့်ဇာတိမြို ့ကလေးက တကယ်အေးချမ်းချင်ပါရဲ ့ဗျာ။နို ့ပေမယ့် (Elite)အချို ့ကြောင့် ပျက်နေရတယ်၊ကျော်နေရတယ်ဆိုတာတော့ မငြင်းသာပြန်ပါဘူး။ အေးချမ်းတဲ့ ဆောင်းရဲ ့အရိပ်ကနေကဗျာလေးတစ်ပုဒ်ဝေမျှပေးချင်ပါတယ်။ဒီကဗျာလေးကိုရေးသားသူကိုတော့ အမည်ဝှက်ထားပါမယ်နော်။ပဟေဠိ အဖြေညှိကြတာပေါ့။သံတွဲကရော၊ရွာထဲက ညီအကို၊ဆရာသမားများပါ ခန် ့မှန်းပေးကြပါအုံး။ ဒီနေရာမှာစာရေးသူရဲ ့ကလောင်ကွဲတွေထဲက ပထမဆုံးကလောင်လဲဖြစ်၊ကဗျာမှာပါတဲ့ ရေးသူလဲဖြစ်တဲ့ ရွှေတွဲကျော်ပါတဲ့။ ပင်လယ်ဝေးလို ့တင့် အေးလိုက်ပါတဲ့ ဆောင်းရာသီ တွဲမြို ့ဌာနီ ခြုံကတ္တီ လုံပြီလို ့ရှိဘူး ကဗျာနော်၊ဆရာကျော်စီမံရေးတယ် တွေးလို ့စိတ်ကူး။ ။