Pye Kun ZawAugust 21, 20121min18415
ဘုရားဆင်းထုတော်ကိုးကွယ်မိလို့ သီရိလင်္ကာနိုင်ငံသားတစ်ယောက်ကို ဆော်ဒီရဲများက ဖမ်းဆီးလိုက်ပါတယ်။ ပရီမာနက်ပရီရာလက် သွန်ဂါစရီ အမည်ရ သီရိလင်္ကာနိုင်ငံမှ ဆော်ဒီအာရေဗျနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသော လူငယ်လေးသည် ဗုဒ္ဓဆင်းထုတော်ထားပြီး ကိုးကွယ်မိလို့ အဖမ်းခံလိုက်ရပါတယ်။ ဆော်ဒီနိုင်ငံမှာ ရှာရီယာ(မွတ်ဆလင်) ဥပဒေအရ ဆင်းထုတော်ပြုလုပ်ကိုးကွယ်ပါက ဖမ်းဆီးနိုင်ပါတယ်။ အာရပ်ကမ္ဘာက မွတ်ဆလင်နိုင်ငံတွေမှာ သူတို့ကိုးကွယ်ယုံကြည်မှုအရ ပြဌာန်းထားတဲ့ဥပဒေတွေကြောင့် ဖမ်းဆီးခံရမှုတွေအများကြီးရှိပါတယ်။ မကြာသေးခင်ကလည်း သီရိလင်္ကာအမျိုးသမီးတစ်ဦးဟာ ရှော့ပင်းမောလ်ထဲက ကလေးငယ်တစ်ဦးကို စိုက်ကြည့်မှုနှင့် အဖမ်းခံခဲ့ရပါတယ်။ သူမလက်မှာ အမဲရောင်ကြီးပတ်ထားတာကြောင့် စုန်းမလို့လည်းစွပ်စွဲခံခဲ့ရပါတယ်။ ဒါကြောင့် ရှာရီယာဥပဒေပြဌာန်းထားတဲ့ နိုင်ငံတွေမှာအလုပ်သွားလုပ်မယ်ဆိုရင် မသွားခင်သူတို့ဥပဒေတွေကို သေချာလေ့လာသင့်ပါတယ်။