kyawmonkhantJune 1, 20121min19211
သတင်းလေးတပုဒ် ကိုပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ ဆေးထိုးဖို့ ဆရာဝန်ထံသွားရန် မလိုလားသူများနှင့် ဆေးထိုးအပ်ကြောက်သူများအတွက် ကြိုဆိုစရာ သတင်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ MITတက္ကသိုလ်က သုတေသန ပညာရှင်များက စက်ကလေးတခုကို ဖန်တည်းခဲ့တာပါ။  အသံလောက်နီးနီးမြန်တဲ့ အရေပြားကတဆင့် ထိုးသွင်းရန် မြန်နှုန်းမြင့် ဂျက်ကို အသုံးပြုထားတာဖြစ်ပါတယ်။  ဆရာဝန် သို့မဟုတ် အသုံးပြုသူဟာ ဆေးဘယ်လောက်များများ ကိုယ်ထဲသွင်းမယ် ဘယ်လောက် နက်နက်သွားမယ်ဆိုတာကို ထိန်းချုပ်ပေးနိုင်မှာဖြစ်ပါတယ်။  ဂျက်ထိုးသွင်း ကိရိယာလေးဟာ ဆေးထိုးရန်အတွက် သေးငယ်ပြီး စွမ်းအားမြင့်သော သံလိုက်နဲ့ လျှပ်စစ်ဓာတ်ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဆေးထိုးစက်အသစ်လေးဟာ အကျိုးကျေးဇူးအများအပြားရှိကြောင်း MIT သုတေသနပညာရှင်များက ပြောကြားလိုက်ပါတယ်။ ဆေးထိုးစက်သစ်ဟာနေ့စဉ် ကိုယ်တိုင်ဆေးထိုးရန်လိုအပ်ပြီး ဆေးထိုးအပ်မုန်းသူများအတွက် အလွန်ကို အသုံးဝင်ပါလိမ့်မယ်လို့  သိပ္ပံပညာရှင်  ကက်သရင်း ဟိုဂမ်က ပြောကြားခဲ့ပါတယ်။ လူတော်တော်များများဟာ ကြောက်တဲ့အတွက်ကြောင့် သူတို့ရဲ့ နေ့စဉ်ဆေးထိုးရမှာကို  ရှောင်ဖို့ […]