မြသဲ ( 17082011 )August 1, 20141min42539
အန်တီဒုံကျေးဇူးနဲ့ ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်း ဆေးနည်းတွေ သိရှိခွင့်ရခဲ့ပါတယ်။ ပထမဆုံးနှစ်သစ်လက်ဆောင်အဖြစ်အန်တီဒုံတင်တုန်းက ဟင်းရွက်ဆယ်မျိုး ကို စိတ်အလွန်ဝင်စားခဲ့ပါတယ်။ ပိုစ့်ကိုလဲ ကော်ပီကူးသိမ်းထားခဲ့ပါတယ်။ ဒါပေမဲ့ လိုက်လုပ်ဖို့ပျင်းနေတာနဲ့မလုပ်ဖြစ်ခဲ့ပါဘူး။ နောက်ပိုင်းနောက် ဆက်တွဲပိုစ့်နှစ်ခုလုံးကိုလဲသိမ်းထားဖတ်ရှု့ပြီး လုပ်မယ်လုပ်မယ်နဲ့မလုပ်ဖြစ်ခဲ့ပါဘူး။ နောက်တခုက Blender နဲ့မရပဲ Fruit Juicer နဲ့မှရမယ်လို့လဲထင်ခဲ့မိပါတယ်။ အဲ့ဒါနဲ့ Fruit Juicer ဈေးသွားမေးတော့ တသိန်းရှစ်သောင်းကနေ နှစ်သိန်းငါးသောင်းအထိရှိ တာမို့ နောက်မှ ဝယ်တော့မယ်ဆိုပြီး မလုပ်ဖြစ်ပြန်ဘူး။ နောက်မှ လွန်ခဲ့တဲ့ တလခွဲ၊ နှစ်လလောက်ကမှ အခွေကြည့်ဖြစ်တော့မှ အတော်လေးကိုစိတ်ဝင်စားသွားပြီး Blender နဲ့ပဲရတယ် ဆိုတာနဲ့ နောက်နေ့ချက်ချင်းအကောင်အထည်ဖော်သောက်ဖြစ် ခဲ့ပါတယ်။ ပထမတော့ အတိုင်းအတာတွေ မမှန်းတတ်တော့ ပျစ်ခဲကြီးဖြစ်လိုက် များသွားလိုက်နဲ့။ အိုးနင်းခွက်နင်းဖြစ်ခဲ့ပါသေးတယ်။ နောက်အန်တီဒုံ ကိုသောက် ဖြစ် ကြောင်းပြောပြတော့ အန်တီဒုံက မှတ်တမ်းယူထားဖို့ပြောတာနဲ့ ထူးခြားချက်တွေကိုမှတ်သားထားခဲ့ပါတယ်။ […]