moethidasoeJuly 1, 20111min15414
ရုတ်တရက် ကြည့်လိုက်ရင် ခြေကျိုးလို့ တောင်ဝှေးထောက်ပြီး တစ်ပေါင်ကျိုး လျှောက်လာနေတယ်လို့ ထင်ရတယ် .. သူ့ အသက်က ဘာရှိသေးလို့တုန်း .. အလွန်ဆုံး ၄၅ ပေါ့ .. “ဆရာမရေ .. ကျွန်တော် လမ်းကောင်းကောင်းလျှောက်လို့ မရတော့ဘူး .. လေးငါးဆယ်လှမ်းပဲ လှမ်းရသေးတယ် .. ခြေသလုံးထဲက ထိုးကိုက်တက်လာတာ .. တခါတည်း ထိုင်သွားတာပဲ .. ဆရာမဆီကို အခု လာတာတောင် လမ်းမှာ လေးငါးခါ နားခဲ့ရတယ် .. ကယ်ပါဦး ဆရာမရယ် ..” “ဒီလိုဖြစ်နေတာ ဘယ်လောက် ကြာပြီလဲ ” “အရင်ကတော့ တော်တော်လေး ဝေးဝေးလျှောက်မှ ဖြစ်တာ .. ခဏ နားလိုက်ရင် ဒါမှမဟုတ် ဆေးပူလေး လိမ်းလိုက်ရင် […]


Zaw WonnaNovember 26, 20101min640
ကိုယ်တိုင် ဆေးလိပ်မသောက်ဘဲ ဝန်းကျင်ရှိ ဆေးလိပ်သောက်သူတို့၏ ဆေးလိပ်ငွေ့များကို ရှူရှိုက်ရခြင်းကြောင့် ကမ္ဘာတဝှမ်းတွင် လူပေါင်း ၆ သိန်းခန့် နှစ်စဉ် သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ သုတေသီတို့က သောကြာနေ့တွင် ပြောကြားလိုက်သည်။ ထိုသို့ ဆေးလိပ်ငွေ့ကြောင့် ကျန်းမာရေး ထိခိုက်ခြင်းသည် ကလေးငယ်များတွင် ပိုမိုသက်ရောက်မှု မြင့်မားပြီး နှစ်စဉ် ကလေးငယ်ပေါင်း ၁၆၅၀၀ဝ ခန့် သေဆုံးနေရကြောင်း သိရသည်။ ထိုကလေးငယ်တို့၏ ၃ ပုံ ၂ ပုံမှာ အာဖရိကနှင့် အာရှတိုက်မှဖြစ်ကြောင်း ဂျနီဗာနိုင်ငံ အခြေစိုက် WHO အဖွဲ့မှ ပြောကြားခဲ့သည်။ WHO အဖွဲ့မှ သုတေသီတို့သည် နိုင်ငံပေါင်း ၁၉၂ နိုင်ငံမှ အချက်အလက်များကို ၂၀၀၄ ခုနှစ်မှ စတင်၍ စစ်တမ်း ကောက်ယူခဲ့ကြခြင်း […]


Zaw WonnaAugust 16, 20101min1157
ဆေးလိပ် ဖြတ်ချင်တဲ့ သူတွေအတွက် Zerosmoke ဆိုတဲ့ နားရွက်မှာ နားကပ်လို ကပ်ထားလို့ရတဲ့ သံလိုက်တုံးကလေးတွေပါ။ ၂၄ ကာရက် ရွှေနဲ့ အုပ်ထားပါတယ်။ တနေ့ကို ၃၊ ၄ နာရီလောက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ကပ်ထားပေးရင် ရက်ပေါင်း ၃ဝ လောက်အတွင်း ဆေးလိပ် ပြတ်နိုင်တယ်လို့  ထုတ်လုပ်သူက ဆိုပါတယ်။ ဆေးတံသောက်တဲ့သူနဲ့ ဆေးရွက်ကြီး ငုံလေ့ရှိတဲ့ သူတွေပါ အဲဒီနားကပ်ကို သုံးပြီး ဖြတ်နိုင်တယ်တဲ့ ခင်ဗျာ။ ၁၉၅ဝ လောက်တုန်းက Dr. Paul Nogier တွေ့ရှိတဲ့ နားကြောကုထုံး (Auricular Therapy) ကို အခြေခံပြီး ထုတ်လုပ်ထားတာပါ။ နားကပ် တစ်ခုကို ၄၅ ဒေါ်လာလောက် ကျမယ်။ နားကပ်ကိုတပ်ထားတဲ့ အချိန်မှာ ဆေးလိပ်သောက်ရင် […]