etoneAugust 20, 20101min571
အခုရေးမယ့် ပို့စ်လေးကတော့ ဆေးလိပ်သောက်သူများကို အသိရစေချင်တာပါ။ သူတို့ ကိုယ်တိုင် ဒုက္ခရောက်တာတော့ သိပြီးသားဖြစ်ကြမှာပါ။ တခြားလူကို ဒုက္ခမပေးမိဖို့ ရေးတာပါ။ အထူးသဖြင့် ကိုယ်ချစ်တဲ့ လူတွေ ကိုယ့်မိသားစုဝင်တွေပါ။ (ဘာလို့လဲဆိုတာ အဲဒီလိုသောက်တဲ့ လူတွေ အနားမှာက သူတို့ ချစ်တဲ့လူတွေ အမြဲနေနေကြတာပါ။) ကျွန်တော့မိသားစုမှာ ဆိုရင်လဲ အဖေနဲ့ ကျွန်တော့ညီသောက်ပါတယ်။ ကျွန်တော် ဆေးလိပ်နံ့ကို မခံနိုင်ပါဘူး။ အဲဒီလို ဆေးလိပ်သောက်သူနားမှာ နေပြီး ဆေးလိပ်ငွေ့ရှူမိသူများကို အင်္ဂလိပ်လို Second-hand smoker လို့ခေါ်ပါတယ်။ လူထုကြားမှာ ဆေးလိပ်သောက်သုံးသူတွေ ရှူထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေဟာ ဘယ်လောက်ပျံ့နေလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူးလေ။ ကျွန်တော်တို့ကိုယ်တိုင် Second-hand smoker တွေဖြစ်မှန်းမသိဖြစ်နေကြတယ်။ ဒါကြောင့်အခုဆိုရင် ဆေးလိပ်သီးသန့် သောက်ရန်နေရာတွေ ဖန်တီးပေးထားလာကြတာပါ။ လေ့လာတွေ့ရှိချက်များအရ Second-hand smoker […]