manawphyulayJanuary 12, 20111min21114
မှန်ကန်သော ဆေးနည်းဖြစ်ကြောင်း ဦးစွာ ပြောပါရစေ။ အမျိုးသားကော အမျိုးသမီးပါ လွယ်ကူစွာ သုံးစွဲနိုင်ပါတယ်။ ဒီဆေးနည်းဟာ ငွေကုန်သက်သာတဲ့အပြင် လျင်မြန်စွာ ပျောက်ကင်းပါတယ်။ ရှောက်ရွက်နှင့် ရှောက်သီးရဲ့အခွံတွင် အဖိုးတန်တဲ့ အဆီဓာတ်တစ်မျိုး ပါရှိပါတယ်။ ထိုအဆီဓာတ်ဟာ လေရောဂါများ၊ အသည်းနှလုံးကို အဆီဖုံးခြင်းမှလည်း ကာကွယ်ပေးပါတယ်။ အဝလွန်သူများ၊ ဗိုက်ခေါက်ထူပြီး အလှပျက်အောင် ဝမ်းဗိုက်ရွှဲလာသော အမျိုးသမီး၊ အမျိုးသားများအတွက် အလွယ်တကူ ဖော်စပ်သုံးနိုင်တဲ့နည်းကို တင်ပြလိုက် ပါတယ်။ ပထမ ရှောက်ရွက်ကြမ်းတွေကို အရင်ရှားထားပါ။ ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား သုံးဇွန်း (ဟင်းစားဇွန်း) စီ ထည့်ရပါမယ်။ ပြီးရင် ပုလင်းတစ်လုံးစီမှာ ရှောက်ရွက်ကိုးရွက်စီ ထည့်ပေးပါ။ နောက် ရေကျက်အေးများ ပုလင်းထဲသို့ အပြည့်ထည့်ပြီး အဆို့ပိတ်ပြီး နေပူထဲ တွင် ကိုးရက်လှန်းပေးပါ။ ကိုးရက်စေ့လျှင် ထိုရှောက်ရွက်စိမ်ထားသော […]


manawphyulayJanuary 11, 20111min1366
ဆီးချိုရောဂါဟာ ရှိပြီးပြီဆိုရင် နောက်ဆက်တွဲဆိုးကျိုး အများဆုံး ရောဂါလို့ ဆိုနိုင်ပါတယ်။ ဆီးချိုရောဂါ ဖြစ်တာ ကြာလာပြီဆိုရင် ကျောက်ကပ် ပျက်စီးဖို့ အန္တရာယ် ရှိတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒါပေမယ့် အိုမီဂါသရီး ပါဝင်တဲ့ ငါးကြီးဆီတွေ မှီဝဲပေးမယ်ဆိုရင် ငယ်ငယ်ကတည်းကဖြစ်တဲ့ ဆီးချိုရောဂါ အမျိုးအစား(၁) ဝေဒနာရှင်တွေရဲ့ ကျောက်ကပ်ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ကျန်းမာရေးစစ်ဆေးမှုများအရ တွေ့ရှိရပါတယ်။ အမေရိကန် နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဆီးချို၏နောက်ဆက်တွဲများ ထိန်းချုပ်ရေး စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ လူ ၁၅၀ဝ အပေါ် စမ်းသပ်စစ်ဆေးချက်များအရ ကျန်းမာရေး အကျိုးပြု အိုမီဂါသရီးအဆီများဖြစ်တဲ့ eicosapentaenoic acid (EPA) နဲ့ docosahexaenoic acid (DHA) တို့ကို မှန်မှန် စားသုံးပေးတဲ့ ဆီးချိုရောဂါ အမျိုးအစား(၁) ဝေဒနာရှင်တွေဟာ […]