padonmarMarch 1, 20151min331223
ဆွေမျိုးမိဘဘိုးဘွားများထဲမှာ တန်ရွှေကြူး ဒေါ်ပိုက်အမည်များရှိလျှင် ဆက်သွယ်ပေးစေချင်ပါတယ်။ ဝါးခယ်မမြို့သကျမဟာသီရိဘုရားကြီးဝင်းအတွင်းမှာ မြန်မာသက္ကရာဇ် ၁၂၅၂ ခုက (လွန်ခဲ့တဲ့ ၁၂၄ နှစ်ကပါ) ဦးကြင်ငန်း-ဒေါ်သာရေး မိသားစုတို့ က ရေကြည်တော်ဝတ်အသင်း တန်ဆောင်းနဲ့ ဘုရားကြီး နတ်လမ်းစောင်းတန်းအကြားမှာ တန်ဆောင်းအဆောက်အဦတခု ကို ရေစက်ချ လှူဒါန်းခဲ့ပါတယ်။ နောက် ၃၉ နှစ်အကြာ မြန်မာသက္ကရာဇ် ၁၂၉၁ ခု (လွန်ခဲ့တဲ့ ၈၅နှစ်က) မှာ အလှူရှင်မိသားစုရဲ့ သားမက် တံရွှေကြူး နဲ့ သမီး မပိုက် တို့က အဲဒီ အဆောက်အဦကို ပြန်လည်ပြုပြင်ရေစက်ချလှူခဲ့ကြပါတယ်။ အခုအခါမှာအဲဒီ တန်ဆောင်းဟာ နှစ်ပေါင်း ရာချီပြီး ယိုယွင်းနေပြီဖြစ်လို့ ဂေါပကအဖွဲ့က အကြီးစားပြန်လည်ပြင်ဆင်မှု ပြု ဖို့ ဆုံးဖြတ်ပါတယ်။ အလှူတခုကို ပြင်ဆင်မွမ်းမံမယ်ဆိုရင် မူလအလှူရှင်ရဲ့ အစဉ်အဆက်ကို […]