kyawmonkhantFebruary 22, 20111min1107
စကားဝဲတယ်ဆိုတာ ဘာသာစကားတစ်ခုခုကို ပြောရာမှာ ရေမြေလိုက်ပြီး စကားပြောပုံခြင်း လေးယူလေသိမ်း အသံနေအသံထား ကွဲပြားသွားတာ။ တချို့ကြတော့ မိခင်ဘာသာမဟုတ်တဲ့ စကားကို ပြောရာမှာ ပီသအောင် မပြောနိုင်တာကို စကားဝဲတယ်လို့ ဆိုကြပါတယ်။ အညာကလူပြောတဲ့လေသံနဲ့ အောက်ပြေအောက်ရွာကလူတွေပြောတဲ့လေသံ မတူကြပါဘူး။ ပခုက္ကူဘက်က ပြောတဲ့ လေသံနဲ့ မော်လမြိုင်က ပြောတဲ့ လေသံ ကွဲပြားပါတယ်။ ဗြိတိသျှအသံထွက်နဲ့ အမေရိကန် အသံထွက် မတူကြသလိုမျိုးနေမှာပေါ့။ အသံထွက်နဲ့ပတ်သက်ပြီး အင်္ဂလိပ်နဲ့အမေရိကန်ငြင်းခုံကြတာကို (ဘယ်သူပြောမှန်းတော့ မမှတ်မိတော့ဘူး အကြောင်းအရာတော့မှတ်မိတယ်) စကားစပ်လို့  ထည့်ရေးလိုက်ပါဦးမယ်။ အင်္ဂလိပ်ကလဲသူထွက်တာမှ အမှန် အမေရိကန်ကလဲ သူဟာမှသူ့ဟာ။ အင်္ဂလိပ်စကားလုံး schedule ကို အင်္ဂလိပ်က ရှက်ဂျူးလ် လို့ထွက်တယ်။ အမေရိကန်က စကက်ဂျူးလ် လို့ ထွက်တော့ အငြင်းအခုံဖြစ်တာပေါ့။ အဲဒီမှာ အမေရိန်ကထောက်ပြတာပေါ့ sch […]