ထာ၀ရNovember 11, 20112min12512
မိတ်ဆွေ တယောက်က သူ.မွေးနေ.မှာ မယ်သီလရှင်တွေကို ဝတ်စုံလှူချင်တယ် ဆွမ်းကပ်ချင်တယ် တကယ်လိုအပ်တဲ. ကျောင်းကိုရှာပေးပါလို. အကူညီတောင်းလာတော. နီးစပ်ရာတွေနဲ.  ကုသိုလ်ရေးမို. လိုက်ရှာရင်း ရောက်ခဲ.တဲ. သီလရှင်ကျောင်းလေးပါ ပုလဲမြို.သစ် လမ်းမကြီးကနေညာဘက်ကိုဝင်သွားပြီး လမ်းဆုံးခါနီးမှာ တည်ရှိတဲ. ရှေးဘုရားတဆူ ရဲ.ဘယ်ဘက်မှာကပ်ပြီးတည်ရှိတဲ.ကျောင်းလေးပါ ထူးခြားတာက အဲဒီကျောင်းမှာ ပေါက်နေတဲ. နှစ်ချို.သစ်ပင် ကြီး  ၂ပင်မှာ မှီခိုနေကြတဲ. လင်းဆွဲခေါ်မလား လင်ဝက်ခေါ်မလား လင်းနို. ထက်တော.ကြီးတယ်ဗျာ ပါလာတဲ.ကင်မရာကအော်တိုဖိုးကပ်မို. အနီးရိုက်ချက်တွေက မပီပြင်ပါဘူး ရွာထဲက ဓါတ်ပုံ ဆရာကြီးတွေ  ကင်မရာအကောင်းစားနဲ. အနီးကပ် ဆွဲရိုက်ရင် တကယ်ကောင်းတဲ.ပုံတွေ ရနိင်ကြောင်း …..လမ်းညွန်လိုက်ရပါတယ် အမှောင်ကြိုက်တဲ.ညဘက်မှထွက်တဲ.ဂူအောင်းသတ္တဝါမျိုးတွေ နေလည်အလင်း ရောင်အောက်မှာ နေတာဆိုတော.ထူးဆန်းနေသလားလို. ….. အဲဒီသီလရှင်ကျောင်းလေးက အရင်ကတဲကျောင်းသာသာ လေးပါ တနေ.ထိုင်းကလာတဲ.ဘုန်းကြီးတပါးရဲ. သာသနာပြုမှုကြောင်.အခုတော. တိုက်ကျောင်းလေးဖြစ်လာပါပြီ ပုံမှာပါတဲ. […]