ဒီပိုစ့်လေးကို ကျွန်တော့စိတ်ကူးနဲ့တင်တာတော့မဟုတ်ပါဘူး ။ ကျွန်တော့ မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ yetazar (ခ) တေဇာ ရဲ့စိတ်ကူးလေးပါ ။ ကိုတေဇာက ဂေဇက်စည်းကမ်းကိုဖေါက်ဖျက်မိတဲ့အတွ (၁ဝ ) ရက်အဖွဲ့မှထုတ်ပယ်ခြင်းခံထားရပါတယ် ။ ဒီပိုစ့်ကလေးကို ကိုတေဇာကိုယ်တိုင်ရေးပြီးတင်ပေးတာပါ ။ ဒီအတွက် ပိုစ့်ရေးခ ကို သဂျီးအနေနဲ့ မပေးရင်လဲရပါတယ် ။ မန်းဂေဇက်ရွာသူ/ရွာသားများခင်ဗျား ။ ချီးကျူးဂုဏ်ပြုထိုက်သူကို ချီးကျူးဂုဏ်ပြုတာ မင်္ဂလာတစ်ပါးပါ ။ တစ်ချိန်တုန်းက ဖိုးသီးချိုကိုပြောခဲ့တာဆိုတာ စီးပွါးရေးလုပ်နေတာကိုမနာလိုလို့မဟုတ်ပါဘူး  ပြည်သူတွေအတွက်လိုအပ်ချက်ကို တောင်းဆိုခဲ့တာပါ ။ ခုတော့ပြည်သူတွေအတွက် ဖိုးသီးချိုနဲ့ နေလသစ္စာက သီတင်းကျွတ်အထူးလက်ဆောင်ပေးလိုက်ပါပြီ ။ ဒါကြောင့်မို့ချီးကျူးဂုဏ်ပြုထိုက်သူကို ချီးကျူးဂုဏ်ပြုလိုက်ပါပြီ။မနေ့ညနေပိုင်းကစပြီးဒီပိုစ့်ကလေးကိုရေချင်ခဲ့တာပါ ။ သံတွဲတံတားကြီးပေါ်မှာ အပေါက်ကြီးကိုလဲ နေလသစ္စာမှ ပြုပြင်ဖာထေးပြီးသွားပါပြီ ။ သွားရေးလာရေးလဲအဆင်ပြေသွားပါပြီ ။ သတင်းကျွတ်လပြည့်နေ့မှာ တံတားပေါ်မှာမီးမလာတော့ တံတားပေါ်မှာမိသားစုလိုက်အပန်းဖြေသူတွေ […]