moonpoemJanuary 24, 20131min20912
မြန်မာလူမျိုးများသည် နမိတ်ဖတ်ခြင်းကို ယုံကြည်ကြသည်ဟု ကျွန်မထင်သည်။ မနက်စောစောစီးစီး အဆင် မပြေတာနှင့်ကြုံလျှင် တစ်နေကုန် ကံမကောင်းနိုင်တော့ခြင်း၊ အလုပ်တစ်ခု စတင်ချိန်တွင် ဘေးကျရောက်ခဲ့ပါ က ထိုအလုပ်သည် ဆက်လုပ်ရာတွင်လည်း အဆင်မပြေနိုင်တော့ခြင်း စသဖြင့် ဖြစ်ပါသည်။ ကျွန်မသည် အယူသီးသူ တစ်ယောက်မဟုတ်ပါ။ တစ်နေ ့တော့ ကျွန်မကျိုက်ထီးရိုးကို နေ ့ချင်းပြန်သွားဖို ့ဖြစ်လာပါသည်။ နေ့ချင်းပြန်ကျိုက်ထီးရိုး ခရီးစဉ်သည် အထူးရှင်းပြစရာမလိုအောင် တစ်ညအိပ်ခရီးထက်တော့ ပိုပင်ပန်းပါသည်။ မနက်၄နာရီခွဲ ရန်ကုန်မှထွက်ပြီး ည ၈နာရီလောက်ပြန်ရောက်သော ခရီးစဉ်ဖြစ်ဧ။် ။ နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ရသေ့တောင်ထိသာကားစီးခွင့်ရပြီး တောင်ပေါ်ထိ ကားဖြင့် တက်ခွင့်မပေးသောကြောင့် နေ ့ချင်းပြန်ခရီးစဉ်တွင် အတက်ရော အဆင်းရောခြေကျင်တက်ရ ဆင်းရဖြင့် ပင်ပန်းပါသည်။ သွားရင်လည်း မြန်မြန်ရောက်အောင်သွား၊မြန်မြန်တောင်တက်၊ မြန်မြန်ဘုရားဖူး၊ မြန်မြန်ပြန်ဆင်း နှင့် အပန်းဖြေခရီးစဉ်ဟု […]