CharTooLanSeptember 13, 201012min533
ကျောက်နံရံမြင့်မြင့်မားပေါ်က အံ့ဩဖွယ်ဘုရားကျောင်း လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်မဆီကို သူငယ်ချင်းတစ်ယောက်က ပို့လိုက်တဲ့ အီးမေလ်းထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဘုရားကျောင်းတစ်ခုရဲ့ ပုံတွေ ပါလာပါတယ်.. ပုံတွေချည်းဘဲကြည့်ရတာကို အတော်စိတ်ဝင်စားမိတာကြောင့် အခြားသူများကို ပြန်လည်ဝေမျှချင်မိတဲ့စိတ်နဲ့ ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ နောက်ထပ် ဓာတ်ပုံများ အချက်အလက်များကို အင်တာနက်ကနေ ရှာဖွေပြီး ဒီဘလောဂ့်ပေါ်ကတစ်ဆင့် ပြန်လည် ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။ တောင်ခြေရှိ ဘုရားကျောင်းအဝင် မုဒ်ဦး ကျောက်သားပေါ်က ကျောင်းဆောင်များ မတ်စောက် မြင့်မားလှတဲ့ တောင်စောင်းမှာ ထူးထူးဆန်းဆန်း တည်ရှိနေတဲ့  ဘုရားကျောင်း ဆိုတာ တရုတ်ပြည် စန်းရှီးပြည်နယ် ဟောင်ယွန်ခရိုင်ကနေ  ၅ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ ဟန်စန်းတောင်ခြေရဲ့ ကျောက်သားနံရံပေါ်မှာ တွယ်ကပ်ပြီး တည်ဆောက်ထားတဲ့ ဘုရားကျောင်းတစ်ခုပါ။ ဟန်စန်းတောင်ဆိုတာ တရုတ်ပြည်မှာတော့ အထွတ်အမြတ်ထားတဲ့ နံမည်ကျော် တောင်ကြီး ၅ခုမှာ […]