Swal Taw YwetJuly 30, 20131min31715
ဒီနှစ်ဆန်းစ မန္တလေးကိုပြန်ရောက်နေရတုံး ကိုပေါက်နဲ့ဆုံဖြစ်တယ်။ မန္တလေးရဲ့ နာမည်ကြီး မင်းမင်းကျော်လက်ဖက်ရည်ဆိုင်မှာ ၂၆.၂.၂၀၁၃ နေ့လည်ပိုင်း ထိုင်ဖြစ်ကြတာပေါ့။ ကျနော်ရေးခဲ့တဲ့ ပို့စ် တစ်ခုမှာ ၁၉၈၁ ဆိုင်းတန်းမီး နှင့် ၁၉၈၄ ဦးကျားကြီးဝင်းမီး မှားသွားတာ အမှန်ပြင်ပေးလို့ ကျေးဇူးတင်ကြောင်း ကိုပေါက်ကို အပြင်မှာ ကိုယ်တိုုင်ပြောခွင့်ရလိုက်တယ်။ ရွာသားတွေ ဆုံတော့ ရွာအကြောင်းပဲ ပြောဖြစ်ကြတာပေါ့ဗျာ။ ကိုထူးဆန်းတင်ထားတဲ့ ခါတော်မှီ အထပ်မြင့်ဟိုတယ်တွေကြောင့် အင်းလေးဒေသ သဘာဝ ရှုခင်းတွေ ပျက်စီးသွားနိုင်တာကို ထောက်ခံဆွေးနွေးရင်း ကျနော်တို့ ချစ်တဲ့ အင်းကြီးတောင်သမန်အကြောင်း ရောက်သွားခဲ့ပါတယ်။ စာသမားတွေဆိုတော့ တောင်သမန်အင်းအကြောင်း မှတ်မိသမျှ မှတ်တမ်းလေးတစ်ပုဒ်ရေးဖို့ အိုင်ဒီယာ ရသွားတယ်။ တောင်သမန်အင်းစောင်းမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ကျနော်စွယ်တော်ရွက်က တပ်ထဲမှာ အတူနေခဲ့ဖူးတဲ့ ကိုကြီးမိုက်ဆီကိုပါ စစ်ကူတောင်းမယ်ဆိုတော့ ကိုပေါက်ဆီက “သုံးပန်လှ တောင်သမန်” […]