ကိုယ်တိုင်ဗျူးသည်။။ ရှစ်မိုင်းလမ်းဆုံ ဓါတ်ပုံဆိုင်ကြီးရှိတဲ့ အိမ်ယာတိုက်ခန်းတွေ တွေနောက်ကကားပါကင်မှာထိုးရပ်ပြီး ကိုဝယ်စရာရှိတာလိုက်ဝယ် ခဏနေကားထဲပစ္စည်းပြန်လာထားတော့ အတူပါတဲ့ ရုံစတပ်က လူက ဂျန်းရှင်အိတ် ထဲမှာဘယ်လောက်သဝေထိုးနေတယ်မသိ့ဘူး ပြန်မရောက်သေးတာနဲ့ ထိုင်စောင့်နေလိုက်တယ် ထိုင်စောင်ရင်းပျင်းပျင်း ရှိတာနဲ့ ကားထဲက ကက်ဆက်ကိုဖွင့်ပြီး  ဆိုင်းစိုင်မော့ သီချင်းလေးနဲ့နှပ်နေတာပေါ့ ……. ““ဒေါက်ဒေါက်….ဒေါက်ဒေါက်”” ကားတံခါးကိုခေါက်တဲ့အသံ ဗျ ဒါနဲ့ ဘာလဲဟဆိုပြီး မှိန်းနေရာက ထကြည့် တော့  ချာတိပ်သေးသေးလေး တစ်ယောက် လက်ဝါးလေးတစ်ဖက်ဖြန့်လို့… ““ဘာလဲကွ..”” ““ထမင်းစားခြင်လို့ (၅၀)လောက်ပေးပါ”” လူကောင်ကြည့်တော့  သေးသေးလေး  ရှစ်မိုင်လိုနေရာမျိုးမှာက လူစုံသည် အဖေအမေကကွမ်းယာရောင်းနေတုန်း သားသမီးကိုမကြည့်နိုင် အဖေအမေအလစ် ကလေးတွေကပိုက်ဆံလိုက်တောင်းရင ်တောင်းနေတတ်တာ တစ်ကယ်တောင်းတဲ့သူတွေလဲရှိသည် …… ““မရှိဘူးကွ ငါလဲထမင်းမစားရသေးဘူး မင်းမှာပါရင်ငါကိုပြန်ပေးခဲ့ပါလား”” ““သားမှာမရှိလို့တောင်းတာပေါ့ဗျ ဦးကကားစီးပြီး ပိုက်ဆံမရှိဘူးတဲ့ လိမ်ပြောတယ်”” “““ဟ..ရှိတိုင်းပေးရမှာလားကွ ပိုက်ဆံဆိုတာအလကားမရဘူး […]