fattyMay 28, 20111min1002
ကျနော် ၁ဝ တန်းအောင်ပြီး မြစ်ကြီးနားကောလိပ်တွင် ၁လ တာ ကမန်းကတန်းတက်ပြီး တောင်ကြီးကောလိပ်သို့ပြောင်းရ၏။ တောင်ကြီးကောလိပ်တွင်တနှစ်တာ တက်ခဲ့ရပါသည်။ ဒီကနေ့မနက်သူငယ်ချင်းကဖုံးဆက်သည် …. JUNE 16 ဆိုရင် တောင်ကြီးကောလိပ်ရဲ့နှစ် ၅ဝ ပြည့် အထိမ်းအမှတ် လုပ်မယ် ..။ မင်းစာမူတစောင်ပါပေးရမယ် ..။ ငါက ကဗျာ တပုဒ် ပေးပြီးပြီ ..။ အဲဒီသူငယ်ချင်းက ကောလိပ်မှာကထဲက ကဗျာ အတိုလေးများ တတွတ်တွတ် ရွတ်နေသူဖြစ်သည်။ ကျနော်တောင်ကြီးကောလိပ်တက်တော့ စာသင်နှစ်က ၁၉၇၆ ပေါ့။ တကယ်တန်းတော့ဧည့်သည်အဖြစ်သာ တနှစ်တက်လိုက်တာဖြစ်ပါသည်။ တောင်ကြီးကောလိပ်တက်ခဲ့ကြသူ ကျောင်းသူကျောင်းသားဟောင်းများ အဝေးအနီးတွင် ရှိကြပါက နှစ် ၅ဝ ပြည့် မဂ္ဂဇင်း ထုတ်ဝေမည်ဖြစ်သဖြင့် မည်သူမဆို စာမူများကို JUNE လကုန်ထိ နောက်ဆုံးထားပေးနိုင်ကြပါကြောင်း …. […]