Ma EiAugust 29, 20123min1308
စူဠာမုနိ လောကချမ်းသာ စေတီတော် နှင့် ရပ်တော်မူ ဘုရားကြီး … …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (7 )… တောင်ကြီးမြို့ပေါ် ဘုရားများတွင် ပထမဦးဆုံး စူဠာမုနိ လောကချမ်းသာ စေတီတော်သို့သွားရောက်ဖူးမျှော်ကြမှာဖြစ်ပါတယ်… စေတီတော်ကို 1994 ခုနှစ်တွင် ပုဂံမြို့ အာနန္နာဘုရားပုံစံတူ တည်ထားခဲ့ကြောင်းနှင့် ဘဒ္ဒကမာ္ဘတွင်ပွင့်တော်မူပြီးခဲ့သော ဘုရားလေးဆူအား ရည်မှန်း၍ ရပ်တော်မူဆင်းတုတော်ကြီးလေးဆူကို အာရုဏ်ခံမုဒ်များအတွင်းတည်ထားကိုးကွယ်ကြောင်းသိရှိရပါသည်။ အတွင်းလှိုဏ်ပတ်လမ်းများတွင် မဟာဗုဒ္ဒဝင်လာ ဇာတ်တော်များကို လက်ရာမြောက်စွာ ပုံဖော်ထားသည့် အုတ်ကွက်များကိုတွေ့ရှိရ၍မှတ်တမ်းတင်ခဲ့ပါသည်။ရင်ပြင်တော်မှ တွေ့မြင်ရသော တောင်ချွန်းအလှသည်လည်း တောင်ကြီးမြို့ကို ပိုမိုလှပတင့်တယ် စေခဲ့ပါသည်။ စည်ကားလှသော တောင်ကြီးမြို့ မီးပုံးပျံပွဲတော်ကို စေတီကုန်းတော်အောက်ဖက်ရှိ မြေပြန့်တွင် ယခင်က ကျင်းပခဲ့ကြပါသည်။ များပြားလှသော လူအုပ်ကြီးနှင့်အတူ တိုးဝှေ့သွားခဲ့ရပြီး စေတီကုန်းတော်ပေါ်မှနေ၍ မီးပုံးပျံများကို ကြည့်ရှုပျော်ရွှင်ခဲ့ရသည်များကိုလည်း အမှတ်ရမိခဲ့ပါတယ်…   […]


Ma EiAugust 9, 20123min18712
ထမ်စမ်းလှိုဏ်ဂူတော်…  …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (6 )… မွေတော်ကက္ကူမှ အပြန် နောင်ကားရွာလေးနှင့် လှပသော တောင်တန်းများကို ကွေ့ဝိုက်ဖြတ်သန်း ကျော်ဖြတ်၍ ထမ်စမ်းလှိုဏ်ဂူတော်သို့ ရောက်ရှိခဲ့ကြပါတယ်… ထမ်စမ်းလှိုဏ်ဂူုတော်ကို ဟိုပုံး ကိုရင်လေးမှ အဓိဌာန်ဖြင့် တူးဖော် တည်ထားခဲ့ခြင်းဖြစ်ပါသည်။ ကိုရင်လေးသည် သက်တော်39 နှစ်ခန့် ရှိသော်လည်း ယာလက်ခလယ်ကို စေတီဌာပနာတည်လိုက်၍ ကိုယ်အင်္ဂါ မပြည့်စုံသဖြင့် ရဟန်းပြုခွင့် မရဘဲ ကိုရင်ဘဝ ဖြင့် သာသနာပြုနေကြောင်း သိရှိရပါသည်။မှတ်တမ်း၊ သမိုင်း စာအုပ်များသည်လည်း ရှမ်းဘာသာဖြင့်  ရေးသားထားသည့်စာအုပ်များသာတွေ့ရှိရသဖြင့် မဝယ်ခဲ့ပါ။ ကိုရင်လေးကို သီတင်းသုံးရာ တောင်ပေါ်ကျောင်းတွင်၎င်း၊ လှိုဏ်ဂူတော်သို့ ကြွရောက်လာသော အချိန်များတွင်၎င်း ဖူးမျှော်လှူဒါန်းနိုင်ကြောင်းနှင့် ရွှေသားအစစ်ဖြင့်ပြုလုပ်ထားသော ၁၀၈ လုံးပုတီးကို ဆွဲထားကြောင်း ၊တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစောင့်၊အရှောက်ရှိကြောင်း ဖူးမြင်ရသူများက […]


Ma EiJuly 11, 20125min29029
ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (5 )…မွေတော်ကက္ကူ ဘုရား…   မွေတော်ကက္ကူ စေတီကို အရင်ဆုံး သွားရောက်ဖူးမြော်ကြပြီး အဲ့ဒီကမှ ထန်စမ်းဂူ၊ တောင်ကြီးစူဠာမုနိဘုရား၊ရပ်တော်မူဘုရားကြီး၊တောင်ပေါ်ဘုရားများနှင့်တောင်ကြီးဈေး တို့ကိုလည်ကြမယ်လို့ ခရီးစဉ်ဆွဲလိုက်ပါတယ်…   တောင်ကြီးအတက်လမ်းအစမှာ အေးသာယာ စပျစ်ဝိုင်ခြံရှိပါတယ်…နိုင်ငံခြားစံချိန်မှီ ဝိုင်နီ၊ဝိုင်ဖြူ များထုတ်လုပ်ပါတယ်… ခြံထဲမှာ စပျစ်ပင် စိုက်ခင်းများနဲ့ ဝိုင်ထုတ်လုပ်မှုကို ကြည့်ရှုလေ့လာနိုင်ပြီး စားသောက်ဆိုင်လဲရှိပါတယ်…   တောင်ကြီးမှ မွေတော်ကက္ကူ အသွားလမ်းမှာကြက်သွန်ဖြူစိုက်ခင်းတွေ ယာခင်းတွေ စပါးစိုက်ခင်းတွေနဲ့ ပြောင်းဖူးတွဲတွေ၊ကြက်သွန်ဖြူအမိတ်နဲ့ အစည်းလိုက် စီချိတ်ထားတဲ့ပအို့ပ် အိမ်ကလေးတွေတောင်တန်းတွေကို မြင်ရတာ ကြည်နူးစရာကောင်းပြီး အရမ်းလှတဲ့ လမ်းကလေးဖြစ်ကြောင်း အမှတ်ထင်ထင်ရှိခဲ့ပါတယ်… မမျှော်လင့်မိတာက အရင်တုံးက ရှိခဲ့တဲ့ ကြက်သွန်ဖြူ စိုက်ခင်းများနေရာမှာ အခုတော့ လူနေအိမ်ခြေတွေဖြစ်နေတာကိုတွေ့ရတာပါ… အချို့နေရာတွေကတော့ခြံခတ်ထားတဲ့ အနေအထားမှာဘဲရှိပြီး၊ လက်ဘက်ပင်၊စပါးခင်း စိုက်ပျိုးထားတဲ့ လယ်ယာ […]


Ma EiJune 14, 20124min22732
ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (4 ) … အလိုတော်ပေါက်   နန်းပန်ဘုရား မှ ညောင်ရွှေ အပြန်   ကျမတို့ မိသားစု ဖောင်တော်ဦးဘုရား ဖူးပြီးချိန်မှာ မိုးစရွာလာပါတယ်… ရင်ပြင်တော်မှာ ဘယ်ဆိုင်မှာစားပါ၊ညာဆိုင်မှာစားပါနဲ့ထမင်းဆိုင်ရှိရာ ခေါ်နေကြတဲ့ ကလေးမလေးတွေရှိပါတယ်… လှေသမားက ငွေဇင်ယော်မှာ ရှိပါမယ်ဆိုလို့ကျမတို့လဲငွေဇင်ယော်စားသောက်ဆိုင်ရှိရာဘက်ကို သစ်သားတံတားကူးလာခဲ့ကြပြီး မိုးအတိတ်စောင့်လို့ ထမင်းစားကြပါတယ်… ကြက်ချိုချဉ် ကြက်ကုန်းဘောင် ငါးဒုက္ခ ငါးထမင်း ဆယ့်နှစ်မျိုး ဟင်းချို..စသည်ဖြင့် မှာစားကြပါတယ်…ငါးဒုက္ခ ဟင်းကတော့ စားကောင်းပေမဲ့ ငါးကို အဆာသွပ်ပြီး ကြိုးနဲ့ချည် ပြီးတော့ ကြော်ချက်လို့ ငါးကို ဒုက္ခ ပေးထားတဲ့ဟင်းပါဘဲ… အစပ်မစားတဲ့ အမေနဲ့ သမီးတို့ အပြင်ဆိုင်မှာစားလို့အဆင်မပြေမှာစိုးတဲ့အတွက်အိမ်ကနေလဲ ငါးရံ့ခြောက်ဖုတ်၊ပုဇွန်ခြောက်ကြော်၊ ကြက်အူချောင်းတွေရယ် ကြော်သွားပါတယ်… အိမ်ကပါတာလဲစားဖြစ်ပြီး ဆိုင်ကအစားအစာကလဲစားကောင်းလို့ အဆင်ပြေသွားပါတယ်… စားသောက်ဆိုင်ဖြစ်တဲ့အတွက် […]


Ma EiMay 30, 20124min19329
ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (3) … ရွှေအင်းတိန် မှ ဖောင်တော်ဦးဘုရား..   ရွှေအင်းတိန်ဘုရားရဲ့ ရှည်လျှားလှတဲ့ စောင်းတန်းအတွင်းမှာ ရှေးဟောင်းပစ္စည်း ဘုရား၊နတ်ရုပ်စသည်ဖြင့် ရောင်းချနေတဲ့ ဈေးဆိုင်များရှိပါတယ်…အပြင်ဘက်မှာလဲ ပျက်စီးယိုယွင်းနေတဲ့ ဘုရားစေတီများရှိနေတဲ့အတွက် ရှေးဟောင်းပစ္စည်းတွေဟာ ဒီစေတီပျက်တွေထဲက ပစ္စည်းတွေများဖြစ်နေမလားလို့ စိတ်ပူမိပါသေးတယ်…   ပြိုကျလုလု စေတီတစ်ဆူရဲ့ အုတ်ချပ်တွေဟာ ပုဂံဘုရားများရှိအုတ်ချပ်များနဲ့ ဆင်တူနေတာတွေ့ရပါတယ်… ပြင်ဆင်ပြီးဘုရားများကတော့ ယခုခေတ်လက်ရာဖြစ်နေပြီး ရွှေဆေးများကပ်လှူထားသည်ကိုဘုရားဟောင်းများနှင့် ခြားနားစွာဖူးတွေ့ရပါတယ်…     ရွှေအင်းတိန်ဘုရားကို ပဋလိပုတ်ပြည်ရှင် သီရိဓမ္မာသောကမင်းကြီးက သာသနာနှစ် 200 ခုနှစ်ကျော်မှာတည်ထားခဲ့ပြီး၊ အနော်ရထာမင်း၊ နရပတိစည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊မင်းခေါင် ၊ ဆင်ဖြူရှင်မင်း စသည်ဖြင့် အဆင်ဆင့်ပြုပြင်ခဲ့ကြကြောင်း ဂေါပကအဖွဲ့ရဲ့ မှတ်တမ်းများအရ သိရှိရပါတယ်… ရင်ပြင်တော်မှာ ရေပက်မဝင်နိုင်အောင် ပြောနေကြတဲ့ တောင်ရိုးသူတို့စကားဝိုင်းကိုလည်း […]


Ma EiMay 22, 20123min56521
ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (2) … ရွှေအင်းတိန် အသွား..   ဒီနေ့တော့ အင်းလေးထဲ အလည်သွားကြမှာဖြစ်ပါတယ်… လည်ဘို့စက်လှေနဲ့ လှေဆိပ်ကို ကားကြိုပို့အတွက် Remember Inn နဲ့ဘဲစီစဉ်ထားပြီး အဝေးဆုံးနေရာဖြစ်တဲ့ ရွှေအင်းတိန်ဘုရား ကို ပထမဦးဆုံးသွားကြမှာ ဖြစ်ပါတယ်… 1. စက်လှေဆိပ်…   စက်လှေစထွက်ချိန်ကမ်းပေါ်ကိုပြန်အကြည့်… ညောင်ရွှေလှေဆိပ်ရေလမ်းကြောင်းကနေ လှေစီးလာရင်းနဲ့ ရေလမ်းကြောင်းတစ်လျှောက် ဝဲယာမှာ အိမ်တွေများလာတာရယ်…ရေနဲနေတာတွေ သတိထားမိပါတယ်…သောင်တူးသင်္ဘောနှစ်စီးနဲ့တူးနေတာတွေ့ရပါတယ်… အရင် ပတ္တမြား နဂါး ကုမ္မဏီက ကျွန်းသေတွေ လုပ်ပြီးစိုက်ပျိုးထားတဲ့ အောင်မြင်တဲ့စိုက်ခင်းတွေနေရာမှာလဲ အပင်ကျဲကျဲသာ တွေ့ရပါတော့တယ်… ကျွန်းတွေကြားမလဲ ပေါင်းပင်တွေနဲ့ ကောနေတာသာတွေ့ရပါတယ်…             3. သောင်တူးသင်္ဘော…    4. အရင်က ပတ္တမြား နဂါး ကုမ္မဏီရဲ့ အောင်မြင်တဲ့စိုက်ခင်းတွေနေရာ… […]


Ma EiMay 21, 20122min27119
ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (1) … ရန်ကုန်-ညောင်ရွှေ   ကျမတို့ မိသားစုရဲ့ ဒီတစ်ခေါက် အပန်းဖြေ ခရီးစဉ်ကတော့ တောင်ကြီးအင်းလေးကို သွားကြမှာဖြစ်ပါတယ်… တောင်ကြီးအင်းလေး ခရီးစဉ်ကို ကျမတို့က 5 ခေါက်လောက်ရောက်ခဲ့ဖူးပေမဲ့ သမီးလေးက မရောက်ဖူးသေးပါ။ ရွှေအင်းတိန်၊ထမ်စန်းဂူု တို့ကိုလဲကျမတို့မရောက်ဖူးသေးပါ၊ ဒါနဲ့ဘဲ ဒီနှစ်အတွက် ကျမတို့ မိသားစုရဲ့ အပန်းဖြေ ခရီးစဉ်ကို တောင်ကြီးအင်းလေးဘက် သွားကြမယ်လို့ သတ်မှတ်လိုက်ပါတယ်… မိသားစု 3 ဦး သွားဘို့ စီစဉ်ရာကနေ သမီးကလဲ ကောင်မလေး ကိုခေါ်ချင် အမေကလဲ လိုက်ချင် အမေနဲ့ ကောင်မလေးထားခဲ့ရမှာလဲ စိတ်မချ ဒါနဲ့ဘဲ တစ်မိသားစုလုံး သွားကြမယ် စီစဉ်ပါတယ်… ရုံးမှာပြောတော့ ရုံးကညီမလေး စုံတွဲ(သူလဲMG ရွာသူ) တို့ကလဲ စရိတ်မျှပေးစနစ်နဲ့ […]