kaiNovember 4, 20101min510
တော်လှန်ရေးသမား အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲ လမ်းစဉ်တွေကို ချမှတ်အကောင်အထည်ဖော်ကြပါတယ်။ ဒီလို အကောင်အထည်ဖော်ကြရမှာ ဖော်ဆောင်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ၊ တော်လှန်ရေးသမားတွေနဲ့ ချိတ်ဆက်မိပြီး၊ နိုင်ငံရေး အခြေအနေအရ ဟန်ချက်ညီ လှုပ်ရှားမှုတွေမှာ လူအများက ပူးပေါင်းပါဝင်လာလေ့ရှိပါတယ်။ သို့ပေမယ့် အာဏာရှင်စနစ် ယန္တရားတွေက လူ့အဖွဲ့အစည်းရဲ့ အလွှာအသီးသီး၊ ကဏ္ဍအသီးသီးမှာ ထိုးဖောက်နေရာယူထားတဲ့ အခြေအနေ (သို့မဟုတ်) အာဏာရှင်သတင်းပေးတွေက ရပ်ကွက်၊ ကျေးရွာ၊ တက္ကသိုလ်၊ စာသင်ကျောင်းတွေထဲအထိ စိမ့်ဝင်ပျံ့နှံ့နေတဲ့ အခြေအနေ (သို့မဟုတ်) တော်လှန်ရေး အဖွဲ့အစည်းတွေ၊ တော်လှန်ရေးသမားတွေနဲ့ ကွင်းဆက်ပြတ်နေတဲ့ အခြေအနေတွေမှာ နိုင်ငံရေး အခြေအနေနဲ့အညီ ဟန်ချက်ညီတဲ့ လှုပ်ရှားမှုတွေ မဖော်ဆောင်နိုင်တာတွေ ဖြစ်လာပါတယ်။ ဆက်သွယ်ရေးတာဝန်ယူထားသူတွေ ရန်သူ့လက်ထဲ ရောက်သွားတဲ့အတွက် တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ မြေအောက်လှုပ်ရှားအဖွဲ့ငယ်တွေနဲ့ […]