“““တွီတွီတော်တော်..တွီတွီတော်တော်…ဟာဒေးအမားရေးဆလံမာလေးကွန်းးးးးးးးးးးးးး…….တွီတွီတော်တော်…..””” ကျုပ်ဖုန်းက Ring tone သံဖြစ်သည် စာသားကတော့ အဲဒီအတိုင်းဟုတ်ချင်မှဟုတ်မည်  ကျုပ်ကြားတဲ့အတိုင်းပြန်ရေးပြခြင်း ဖြစ်သည်။ဒီအသံကိုသေချာတော့ နားမထောင်ဖြစ်ပါ မန်မိုရီကဒ်ထဲမှာရှိသမျှ အသံတွေထဲက အဆူညံဆုံးနှင့် နားကလောစရာ အကောင်းဆုံး အသံကိုရွေးချယ် ထားခြင်းဖြစ်သည် ထိုဖုန်းသည်… တစ်ခါတရံ မိတ်ဆွေသူငယ်ချင်းများနှင့် အဆင်ပြေစွာ စကားပြောနိုင်စေ၏ တစ်ခါတရံ “ရေး” က မာမွတ်လား ဟူ၍လည်းမေးတတ်၏မာမွတ်အားခေါ်ပေးရန် အတင်းတောင်းပန်တတ်၏ တစ်ခါတစ်ရံ ရခိုင်သံဝဲဝဲဖြင့် ““အောင်ကျော်နုကိုခေါ်ပေးပါ””ဟု၍လဲ ဆိုတတ်၏ တစ်ခါတစ်ရံ ဘယ်မှစုံစမ်းမရသောဖုန်းနံပါတ်“0951665”သည်လဲ အသံမည်သည်ဆိုရုံလေးဝင်ကာပြန်ဆက်လျှင် မရဖြစ်တတ်၏ ဒီနံပါတ်ကတော့ ခဏခဏ ဖြစ်နေကျဖြစ်သည်( သိသူများရှိကအဘယ်သူနည်းစုံစမ်းပေးစေချင်၏) တစ်ခါတရံ “ဟေ့ကောင်အရူး”ဟုမြန်းဂလိဖြင့် မက်ဆေ့ချ် ရောက်လာတတ်၏ ကျွန်ုပ်လဲ ထိုအခါမျိုးတွင် မဆိုင်းမတွ ပြန်လည်၍သင့်တော်ရာ ဆဲဆိုသောစကားတစ်ခုခုအား မက်ဆေ့ချ်ဖြင့် လက်ဆောင်ပြန်ပါးတတ်၏ တစ်ခါတစ်ရံ “အခုလာခေါ် မထနိုင်တော့ဘူး” ဟု […]