ငယ်ငယ်က သစ်ပင်ပေါ်မှပုတ်သင်ညို ကိုမြင်လျှင် ကျနော်တို့’ပုတ်သင်ညိုအပျိုလိခြျင်ခေါင်းညိမ့်’ ဟူ၍အော်လေ့ရှိသည်။ကလေးအရွယ်နှင့်အော်သင့်သလား မအော်သင့်သလားမစဉ်းစားမိတတ်။ဒါပေသိ ဒီလိုအော်လျှင် ပုတ်သင်ညိုကခေါင်းညိမ့်သည်။ နဲနဲကြီးလာမှ သူ့ကိုအော်အော် မအော်အော် သူ့အမူအကျင့်အရခေါင်းညိမ့်တတ်နေခြင်းကိုသိလာ ရသည်။ သဘာဝ ပင်ဖြစ်သည်။ နောက်ပုတ်သင်ညိုတို့ကိုကြည့်လျှင် အမြဲတမ်း ကြေးခွံအရောင်တမျိုးတည်း မရှိတတ်။ သူနေထိုင်ရာဒေသ အရပ်ကိုလိုက်၍အရောင်ပြောင်းသည်။ ဒါမှသူ့ကိုစားဖို့ချောင်းနေသော ဌက်များ ရန်သူများအားပတ်ဝန်ကျင် မြင်ကွင်းနှင့်တရောင်တည်းဖြစ်သောသူ့ကိုမြင်ဖို့မလွယ်သလို သူ၏သားကောင်များကအနီးသို့ရောက်သည့်တိုင် သတိမထားနိုင်ပဲ အလွယ်တကူဖမ်းယူစားသောက်နိုင်ပေမည်မဟုတ်ပါလား။ ဒါပုတ်သင်ညိုကိုသဘာဝတရားကပေးသော လက်ဆောင်မွန်တခုပင် ဖြစ်ပေတော့သည်။ အရောင်ပြောင်းလဲ နေထိုင်မူ့ နှင့်ပါတ်သတ်၍ ကျနော် တို့ကမူ အလွန်ကျွမ်းကျင်ကြသည်။ တခါတလေမသိသော်လည်း သိသည်ဟု ပြောင်းလဲချင်သည်။ မလုပ်ချင်သော်လည်း ဟုတ်ကဲ့ စိတ်ချ လုပ်ပေးမယ် ဆိုပြီးသူတပါးကိုကူညီတတ်သူအသွင်ပြောင်းလဲတတ်သည်။ အင်မတန်စိတ်ဆိုး နေပါလျက် မဆိုးတတ်ပါဘူးဟု သည်းခံတတ်သူအသွင်ပြောင်းတတ်ကြသည်။ ဒီလိုနဲ့ လူမူရေးစီးပွားရေးနိုင်ငံရေး တို့၌လည်း အရောင်အမျိုးမျိုးပြောင်လျက် သားကောင်းရရှိရေး ရန်သူလက်မှလွတ်မြောက်ရေးတို့ကို […]